ဩဂုတ် - ၂၆ ( အင်္ဂါနေ့ )
ဩစတေးလျှနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်ရဲ တပ်ဖွဲ့ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်အရ ရဲ ၂ ယောက်ကို အသေပစ်သတ်ပြီး တစ်ယောက်ကို ထိခိုက်ဒဏ်ရာရအောင် လုပ်သွားတဲ့ အမျိုးသားတစ်ယောက်ကို လိုက်လံ ရှာဖွေနေတယ် လို့ သိရပါတယ်။ ပိုပန်ခါ မြို့ မှ ရေနာထရက်လမ်းမှာ အခင်းဖြစ်ပွားခဲ့တာပါ။ အမျိုးသားတစ်ဦးက အိမ်ရာ တစ်ခုထဲကနေ ပစ်ခတ်ပြီး ထွက်ပြေးသွားတာပါ။
အခင်းဖြစ်ပွားချိန်မှာ ရဲအရာရှိ ၁၀ ဦးရှိနေခဲ့ပါတယ်။ သေနတ်ပစ်ခတ်မှုကြောင့် နှစ်ဦးသေဆုံးပြီး တတိယတစ်ဦးမှာ ခန္ဓာကိုယ်အောက်ပိုင်း သေနတ်ထိမှန်ပြီး ဒဏ်ရာအပြင်းအထန်ရခဲ့ပါတယ်။ သေဆုံးသူများမှာ အသက် ၅၉ နှစ်အရွယ် စုံထောက်တစ်ဦးနှင့် အသက် ၃၅ နှစ်အရွယ် အကြီးတန်း ရဲအရာရှိတစ်ဦးတို့ဖြစ်ကြောင်း နောက်ပိုင်းတွင် သတင်းရရှိပါတယ်။ သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့သူက ပစ်ခတ်ပြီးနောက် တောအုပ်ထဲသို့ ထွက်ပြေးသွားခဲ့သည်။
ဒေသခံမီဒီယာများက ဖော်ပြချက်အရ ပတ်ခတ်သူသည် ဩစတေးလျှ နိုင်ငံသားအစစ်မဟုတ်တဲ့ ဒီဇီဖရီးမန်းဆိုတဲ့ သူဖြစ်တယ်လို့ သိရပါတယ်။ နိုင်ငံသားအစစ်မဟုတ်ဘူးဆိုတာက သြစတြေးလျနိုင်ငံရှိ ဥပဒေများနှင့် အစိုးရအာဏာများရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိတဲ့သူလို့ ဆိုပါတယ်။
အဆိုပါနေ့က ဖမ်းဝရမ်းထုတ်ခံထားရပြီး လိင်ပိုင်းဆိုင်ရာ ပြစ်မှုရာဇဝင်ရှိတဲ့ အဲ့ဒိတရားခံကိုဖမ်းဆီးရန်အတွက် ရဲတွေက ရောက်နေတာပဲ ဖြစ်ပါတယ် ။ သံသယရှိသူသည် ပိုပန်ခါဒေသအတွင်း တစ်နေရာ၌ ရှိနေနိုင်တယ်လို့ ယူဆတဲ့အတွက် ရဲတွေက အပူတပြင်း ရှာဖွေနေတာပဲ ဖြစ်ပါတယ်။
ဗစ်တိုးရီးယား ရဲတပ်ဖွဲ့ကတော့ အခင်းဖြစ်ပွားတဲ့ ကိစ္စကို အတိအကျမပြောနိုင်သေးကြောင်း ၊ ရှာဖွေမှုကိုတော့ တက်ကြွစွာလုပ်ဆောင်နေကြောင်း ၊ ဩစတြေးလျနိုင်ငံသားအားလုံးသည် တာဝန်ကျရာနေရာတွင် ဝမ်းနည်းစွာ အသက်ဆုံးရှုံးခဲ့ကြရတဲ့ ဗစ်တိုးရီးယားရဲအရာရှိနှစ်ဦး၏ မိသားစုများ၊ ချစ်ခင်ရသူများနှင့် လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ဝမ်းနည်းပူဆွေးရကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ် ။
သြစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနီစ်က အင်္ဂါနေ့တွင် လူမှုမီဒီယာ၌ "ဒီကြောက်စရာကောင်းတဲ့ ပစ်ခတ်မှုကြောင့် ကမ္ဘာကြီး ပြိုပျက်သွားခဲ့တဲ့ လူတိုင်းအတွက် ကျနော်တို့ နိုင်ငံအနေနဲ့ ဝမ်းနည်းကြေကွဲ ရပါတယ်" လို့ ၎င်းရဲ့ လူမှုကွန်ယက် အကောင့်မှာ ရေးတင်ခဲ့ပါတယ်။
အခင်းဖြစ်ပွားရာ မြို့နယ်အတွင်းနဲ့ အနီးတစ်ဝိုက်ရှိ ပြည်သူများအား အိမ်တွင်း၌သာ နေထိုင်ကြရန် နဲ့ အဆိုပါနေရာသို့ သွားလာခြင်းမပြုရန် ညွှန်ကြားထားပါတယ်။
REF: UPI
https://t.me/MyanmarNationalPost

No comments:
Post a Comment