ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် အဋ္ဌမအကြိမ်မြောက် မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် အဋ္ဌမအကြိမ်မြောက် မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုး


ရန်ကုန်၊ ဩဂုတ် ၁၁

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် အဋ္ဌမအကြိမ်မြောက် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးခြင်းကို ဩဂုတ် ၉ ရက်နံနက်ပိုင်းက အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ မီးသတ်စခန်းအနီး၊ ညောင်တုန်းလမ်းတစ်လျှောက်တွင် စိုက်ပျိုးခဲ့သည်။

ထိုသို့စိုက်ပျိုးရာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနမှူးများ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စည်ပင်သာယာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများက စုပေါင်းသစ်ပင်စိုက်ပျိုးကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က ခရေပင်(၉၀၀)ပင်နှင့် တည်ပင်(၇၂၀)ပင် စုစုပေါင်း(၁၆၂၀)ပင်စိုက်ပျိုးနေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ မီးသတ်စခန်းတွင် မီးသတ်ယာဉ်စက်များ အသင့်ထားရှိမှုအခြေအနေ၊ လူအသင့်၊ စက်အသင့်၊ ရေအသင့်၊ ဆီအသင့် သင့်(၄)သင့်နှင့် မြန်(၃)မြန် ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် စခန်းအတွင်း သန့်ရှင်းရေးဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာတာဝန်ရှိသူများက လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အောင်ဇေယျတံတားအဆင်းတွင် ဇလားပုံအုတ်စီရေမြောင်းဆောင်ရွက်နေမှုနှင့် အောင်ဇေယျတံတားတောင်ဘက်ခြမ်း လှိုင်မြစ် မြစ်ထွက်ပေါက် မြေအောက်ရေမြောင်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများအား အချိန်တိုအတွင်းပြီးစီးရေးနှင့် သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းကိုက်ညီစွာဖြင့် ပြီးစီးအောင်ဆောင်ရွက်ရန်၊ လမ်းဘေးဝဲ/ယာ ရေမြောင်းတစ်လျှောက် အမှိုက်၊ နုန်းများ ဆယ်ယူရှင်းလင်းရန်၊ မြက်ပင်ချုံနွယ်များ ရှင်းလင်းရန်၊ ရေးစီးရေလာကောင်းမွန်ရေးနှင့် သန့်ရှင်းသာယာ သပ်ရပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် လမ်းနယ်နိမိတ်များ မှန်ကန်စေရေး မြေပုံ၊ မြေပြင်စနစ်တကျ တိုက်ဆိုင်စစ်ဆေးရန် စသည်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။


ဇွဲထက်ကို 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)