တွံ့တေးခရိုင်မှ ပြည်ခိုင်ဖြိုးပါတီသို့ ပါတီဝင်အသစ် (၁၀၆၀၇)ဦး၏ ပါတီဝင်အဆိုပြုလွှာများ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တွံ့တေးခရိုင်မှ ပြည်ခိုင်ဖြိုးပါတီသို့ ပါတီဝင်အသစ် (၁၀၆၀၇)ဦး၏ ပါတီဝင်အဆိုပြုလွှာများ ပေးအပ်














ရန်ကုန်၊ ဩဂုတ် ၁၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်း၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် တိုင်းကော်မတီဝင်များသည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၅)ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြိုနယ် “ဗိုလ်မှူးအောင်ဆန်းသူရိယအေးချို” အားကစားခန်းမတွင် ကျင်းပပြုလုပ်သည့် ပါတီဝင်အသစ် (၁၀၆၀၇)ဦး၏ ပါတီဝင်အဆိုပြုလွှာများ ပေးအပ်ပွဲအခမ်းအနားသို တက်ရောက်ခဲ့ကြသည်။

ပါတီဥက္ကဋ္ဌ ဦးခင်ရီက အဖွင့်အမှာစကားပြောကြားရာ “ပါတီဖြစ်ပေါ်လာမှုသမိုင်းကြောင်း၊ ပါတီ၏ ထူးခြားသော ဝိသေသအချက်များ၊ ပါတီ၏ ရေတိုရေရှည်လုပ်ငန်းစဉ်များ”အား ရှင်းလင်းပြောကြားပြီး “ယခုလို ပါတီသို့ ယုံကြည်မှုအပြည့်ဖြင့် ဝင်ရောက်လာခြင်းအား  များစွာကျေးဇူးတင်ဂုဏ်ယူရပါကြောင်း၊ ပါတီသို့ အသစ်ဝင်ရောက်လိုသူများကိုလည်း လက်ဆင့်ကမ်းကူညီဆောင်ရွက်ပေးရန်လိုကြောင်း၊ ပါတီဝင်များဖြစ်လာသည့်နှင့်အညီ ပါတီအပေါ် ထာဝရသစ္စာစောင့်သိသွားရန်လိုကြောင်းနှင့် မကြာမီကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲတွင် ပါတီအောင်နိုင်ရေးလုပ်ငန်းများအား စွမ်းနိုင်သမျှ ကူညီဆောင်ရွက်ကြရန်” မှာကြားပါသည်။

ထို့နောက် တွံ့တေးခရိုင်အတွင်းရှိ တွံတေး၊ ကော့မှူး၊ ဆိပ်ကြီးခနောင်တို၊ ကွမ်းခြံကုန်း၊ ဒလမြို့နယ်များမှ ပါတီဝင်အသစ် (၁၀၆၀၇)ဦး၏ ပါတီဝင်အဆိုပြုလွှာများအား ပေးအပ်ရာ ပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်း၊ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်၊ ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်စိုးတိုက လက်ခံယူခဲ့သည်။ ၎င်းနောက် မြိုနယ်အလိုက် ကိုယ်စားလှယ်များက  ပါတီသို့ဝင်ရောက်ရခြင်းအကြောင်းအား ပါတီဝင်အသစ်များ၏ ကိုယ်စား ရှင်းလင်းတင်ပြကြပြီး အခမ်းအနားကို နံနက် ၁၁ ၀၀ အချိန်တွင် ရုတ်သိမ်းကာ ပါတီဥက္ကဋ္ဌနှင့် ပါတီအကြီးအကဲများက တက်ရောက်လာကြသော ပါတီဝင်များ၊ ပါတီဝင်အသစ်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့သည်။

အဆိုပါ ပါတီဝင်အဆိုပြုလွှာများ ပေးအပ်ပွဲအခမ်းအနားသို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်း၊ ဗဟိုအတွင်းရေးမှူးများဖြစ်ကြသည့် ဦးပိုက်ထွေး၊ ဒေါက်တာစန်းစန်းနွယ်၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် ဦးမောင်မြင့်၊ ဦးလှသိန်း၊ ဒေါက်တာအောင်မြတ်ဦး၊ ဒေါ်ခင်ရွှေမြင့်၊ ဒေါ်သိင်္ဂီဝင်းရွှေ၊ ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး၊ တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ခရိုင်/မြို့နယ်/ရပ်ကျေး အဆင့်ဆင့်ပါတီတာဝန်ရှိသူများ၊ ပါတီဝင်များ၊ ပါတီဝင်အသစ်များ တက်ရောက်ခဲ့ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)