နေပြည်တော်၊ သြဂုတ် ၁၃
ပြည်ခိုင်ဖြိုးပါတီ၊ ပြည်ထောင်စုနယ်မြေပါတီ ဥက္ကဌ ဦးလှဆွေ သည် ယနေ့ နံနက်ပိုင်းက တပ်ကုန်းမြို့နယ် ရပ်ကွက်/ ကျေးရွာအုပ်စု ရွာခွဲအလိုက် ရပ်ကျေးကော်မတီများl ပါတီစည်းရုံးရေးမှူးများနှင့် တွေ့ဆုံပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် မြို့နယ်ပါတီ နာယက၊ မြို့နယ်ပါတီ ဥက္ကဋ္ဌ နှင့် ကော်မတီဝင်များ ဥတ္တရခရိုင်ပါတီ ကော်မတီ ဥက္ကဋ္ဌ တပ်ကုန်းမြို့နယ်တာဝန်ခံနှင် ခရိုင်ပါတီကော်မတီဝင်များမှ တစ်ဦးချင်း မိတ်ဆက်ကြပြီး ပြည်ထောင်စုနယ်မြေပါတီကော်မတီဝင်များမှ မိတ်ဆက်ကြသည်။
ပြည်ထောင်စုနယ်မြေ ပါတီ ဥက္ကဋ္ဌ ဦးလှဆွေမှ လက်ရှိနိုင်ငံရေးအခြေအနေ နှင့် နိုင်ငံရေးသမိုင်းကြောင်းများ ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပြီး တက်ရောက်လာသူများကလည်း သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးပြီး အခမ်းအနားကို နေ့လည် (၁ ၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment