နေပြည်တော်၊ သြဂုတ် ၃၀
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ မှ ဂုဏ်ထူးဆောင်နာယက ဦးခင်မောင်ဆွေနှင့် တာဝန်ရှိသူများ နေပြည်တော် မန္တလေးပါရာဒိုက်ခန်းမ တွင် ယနေ့ ၃၀.၀၈.၂၀၂၅ ရက်နေ့တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲသို့ ဂုဏ်ထူးဆောင်နာယက ဦးခင်မောင်ဆွေ၊ မူဝါဒရေးရာ ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမင်းညို၊ ပါတီဗဟို တွဲဖက် ဥက္ကဋ္ဌ ဦးထက်အောင်ကျော်၊ ဒုဥက္ကဋ္ဌ ( ၁ ) ဦးနန်းထိုက်ဇော်၊ ဒုဥက္ကဋ္ဌ ( ၂ ) ဒေါ်စန္ဒာမင်း၊ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းသိန်းဟန်၊ အတွင်းရေးမှူး အဖွဲ့ဝင် ဦးကျော်သူရ၊ အတွင်းရေးမှူး အဖွဲ့ဝင် ဒေါက်တာမျိုးဆက်သွေး၊ ဗဟိုအလုပ်အမှုဆောင်အချို့၊ တိုင်းဥက္ကဋ္ဌများ၊ ပါတီဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ခဲ့ကြောင်း သိရသည်။
ယခင် PPP ပါတီမှ ဒေါက်တာမျိုးဆက်သွေးနှင့် NLD ပါတီမှ ဒေါ်စန္ဒာမင်း တို့သည် ယခုအခါ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ကိုယ်စားပြု၍ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေကြသည်။
https://t.me/MyanmarNationalPost








No comments:
Post a Comment