ဩဂုတ် - ၁၅ ( သောကြာနေ့ )
ယခုနှစ်အစောပိုင်းတွင် စကော့တလန်ရှိ ရေတပ်အခြေစိုက်စခန်းတစ်ခု၌ “ပြင်းထန်သောနျူကလီးယား မတော်တဆမှုတစ်ရပ်” ဖြစ်ပွားခဲ့ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ဝန်ခံခဲ့ပြီး ဗြိတိန်ရဲ့ နျူကလီးယားလက်နက်များ ထိန်းသိမ်းမှုအားနည်းခြင်းနှင့် ပွင့်လင်းမြင်သာမှုမရှိခြင်းတို့အတွက် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေခဲ့ပါတယ်။
နျူကလီးယားလုပ်ငန်းခွင်များတွင် အဆိုးရွားဆုံး အမျိုးအစား ဖြစ်ရပ် ဖြစ်ပွားခဲ့တာပါ။ ထရိုင်ဒန့် နျူကလီးယား ဒုံးကျည်များ တပ်ဆင်ထားသော ဗန်းဂတ် အတန်းအစားသုံး ရေငုပ်သင်္ဘောများအပါအဝင် တော်ဝင်ရေတပ် ရေငုပ်သင်္ဘောများအားလုံး ရှိတဲ့ ဖော့စ်လိန်း ရှိ HMNB Clyde တွင် ဇန်နဝါရီလမှ ဧပြီလအတွင်း ဖြစ်ပွားခဲ့ပါတယ်။
အဲ့ဒိဖြစ်ရပ်က “ပတ်ဝန်းကျင်သို့ ရေဒီယိုသတ္တိကြွထုတ်လွှတ်မှု မြင့်မားသောအလားအလာများ” သယ်ဆောင်လာနိုင်ပေမဲ့ ဝန်ကြီးဌာနက အသေးစိတ်အချက်အလက်များကို ပြောကြားရန် ငြင်းဆိုထားပြီး ရေဒီယိုသတ္တိကြွပစ္စည်းများ လွတ်ထွက်သွားခြင်း ရှိ မရှိကိုလည်း ထုတ်ပြန်ကြေညာမှု မရှိပါဘူး။
ဖော့သစ်လိန်း နဲ့ အနီးနားရှိ ကူးလ်ပို့ ရေတပ်စခန်းရှိ နျူ့လုပ်ငန်းခွင် ဖြစ်ရပ်ဆိုင်ရာ အစီရင်ခံစာ (NSERs) နဲ့ ပတ်သက်ပြီး ပါလီမန်အမေးအဖြေကို ကာကွယ်ရေးဝန်ကြီးဌာန အဝယ်တော် မာရီယာ အီဂဲလ် က ထုတ်ဖော်ပြောကြားခဲ့ခြင်းမှ သိလာရဖြင်းဖြစ်ပါတယ်။
ကြာသပတေးနေ့တွင် မီဒီယာအစီရင်ခံချက်များအရ ဖော့စ်လိန်းတွင် အဆင့်အေ ဖြစ်ရပ်တစ်ခု၊ အဆင့် ဘီ ဖြစ်ရပ် ၂ ခု ၊ အဆင့်စီဖြစ်ရပ် ၇ ခု နဲ့ အဆင့်ဒီ ဖြစ်ရပ် ၄ ခုတို့ ဖြစ်ပွားခဲ့တယ်လို့ ဝန်ကြီးဌာနက မှတ်တမ်းတင်ခဲ့ပါတယ်။ နျူကလီးယားဒုံးကျည်များနှင့် ထိပ်ဖူးများကို သိုလှောင်ထားသည့် ကူးလ်ပို့ တွင်လည်း အဆင့် စီ နဲ့ အဆင့် ဒီ ဖြစ်ရပ် ၉ ခုဖြစ်ပွားခဲ့တယ်လို့ အီဂဲလ် က လွှတ်တော်မှာ အစီရင်ခံခဲ့ပါတယ်။
အဆင့်ဘီ အမျိုးအစားက ရေဒီယိုသတ္တိကြွခြင်းဖြစ်စဉ် ရှိနေပြီး အပျက်သဘောဆောင်တဲ့ ဓာတ်ရောင်ခြည် ထုတ်လွှတ်မှု ရှိနေပါတယ်။ အဆင့်စီက နဲ့ ဒီက ဓာတ်ရောင်ခြည်ထုတ်လွှတ်မှု အနည်းငယ်သာရှိပြီး အန္တရာယ် သိပ်မရှိဘူးလို့ သိရပါတယ်။
Ref: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment