ရှမ်းပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်


တောင်ကြီး၊ ဩဂုတ် ၁၅

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူ များနှင့်အတူ ယမန်နေ့က ဒေသခံအလှူရှင် မိသားစုက ဆောက်လုပ်လှူဒါန်းသော တောင်ကြီးမြို့ ဟမ်းပလို့ကျေးရွာရှိ မေတ္တာစိမ့်စမ်းမူလတန်းကြို ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အလှူရှင်များက ကျောင်းဆောင်သစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာဖြင့်ပက်ဖျန်း၍ ကျောင်းဆောင်အလှူရှင်နှင့် ကျောင်းအဝင်လမ်းအလှူရှင်များထံ ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ကာ ကျောင်းဆောင်သစ်အတွင်း လှည့်လည်ကြည့်ရှုကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အဖွဲ့ဝင်များနှင့်အတူ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ရှမ်းပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေလွှဲပြောင်း ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ထောက်ပံ့ငွေများပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ထောက်ပံ့ပေးမှုများ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် မှန်ကန်မြန်ဆန်စွာရောက်ရှိရေး၊ ကိန်းဂဏန်းအချက်အလက် အထောက်အထားများဖြင့် စနစ်တကျပြုစုထောက်ပံ့ရေးဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ၂၀၂၅ ခုနှစ်ဧပြီမှ ဇွန်အထိ သုံးလစာအမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ ငွေကျပ်သန်းပေါင်း ၅၃၉၄ ဒသမ ၂၄၀ သန်းကို ပြည်နယ်ဝန်ကြီးချုပ်ထံလည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်၊ ပင်းတယမြို့နယ်နှင့် ပင်လောင်းမြို့နယ်အတွင်းရှိ ရေဘေးသင့်ထိခိုက် လွယ်အုပ်စုဝင်များဖြစ်သည့် အသက်နှစ်နှစ်အောက် ကလေး ၁၆ ဦး၊ ကိုယ်ဝန်ဆောင်မိခင် ငါးဦး၊ အသက် ၇၅ နှစ်အထက်ရှိ သက်ကြီး ၁၀ ဦးနှင့် မသန်စွမ်းသူ ၁၁ ဦး စုစုပေါင်း ၄၂ ဦးအတွက် တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၁၂၆၀၀၀၀ ကို ပြည်နယ်လူမှုရေးရာဝန်ကြီးထံ လည်းကောင်း လွှဲပြောင်းပေးအပ်သည်။

ရှမ်းပြည်နယ်အတွင်း ရောက်ရှိခိုလှုံနေသော နေရပ်စွန့်ခွာပြည်သူများသို့ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ထားရှိမှုမှာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီမှ ဇွန်အထိ ငွေကျပ် သန်းပေါင်း ၁၁၃၂၂ ဒသမ ၅၄ သန်းရှိပြီးဖြစ်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)