ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်း(၃)ခုကို အကောင်အထည်ဖော်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်း(၃)ခုကို အကောင်အထည်ဖော်ဆောင်ရွက်




‎ပင်းတယ ၊  ဩဂုတ် ၁၃


‎ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်း (၃)ခုကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဒေသဦးစီးမှူး ဒေါ်အေးအေးသန့်ထံမှ သိရသည်။

‎အဆိုပါ စီမံကိန်း(၃)ခုကို ပင်းတယမြို့နယ်၊ ကျုံးစံပြကျေးရွာတွင် စက်ချုပ်သင်တန်း (၂)ကြိမ်ကို ဧပြီလ ၂၉ ရက်နေ့မှ မေလ ၂၈ ရက်နေ့အထိ ပထမအကြိမ်သင်တန်းကိုလည်းကောင်း၊ ဇွန်လ ၅ ရက်နေ့မှ ဇွန်လ ၁၉ ရက်နေ့အထိ ဒုတိယအကြိမ် စက်ချုပ်(မွမ်းမံ)သင်တန်းကို ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ကြောင်း သိရပြီး၊ ရွာငံမြို့နယ်၊ ကျောက်ပုံကျေးရွာ၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း (၂)ကြိမ်ကို မေလ ၁၉ ရက်နေ့မှ မေလ ၂၅ ရက်နေ့အထိ ပထမအကြိမ်သင်တန်းအဖြစ်လည်းကောင်း၊ ဒုတိယအကြိမ်မွမ်းမံသင်တန်းအဖြစ် ဇွန်လ ၃ ရက်နေ့မှ ဇွန် ၉ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး၊ ဖော်ပြပါ သင်တန်း(၂)ခုအတွက် လုပ်ငန်းသုံးပစ္စည်းများပေးအပ်ခြင်းကို ဇူလိုင်လ ၁၁ ရက်နေ့တွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌမှ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ပေးအပ်ခဲ့ပြီးပြီဖြစ်ကြောင်း သိရသည်။

‎ကျန်ရှိနေသော စီမံကိန်း(၁)ခုကို ပင်းတယမြို့နယ်၊ အင်းပက်လက်ကျေးရွာတွင် ဇွန်လ ၁၇ ရက်နေ့မှ ဇူလိုင်လ ၁၆ ရက်နေ့အထိ ပထမအကြိမ် စက်ချုပ်သင်တန်းကိုဖွင့်လှစ်သင်ကြား ပေးခဲ့ကြောင်းနှင့် ဒုတိယအကြိမ် စက်ချုပ်(မွမ်းမံ)သင်တန်းအား ဇူလိုင်လ ၂၄ ရက်နေ့မှ ဩဂုတ် လ ၇ ရက်နေ့ထိ အောင်မြင်စွာ ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။


‎အောင်ကိုဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)