ဩဂုတ် - ၂၂ ( စနေနေ့ )
အိန္ဒိယသည် အမေရိကန်အကောက်ခွန်ဖိအားပေးမှုကြောင့် ရုရှားရေနံစိမ်း ဝယ်ယူမှုများကို ပြန်လည် လျှော့ချ လိုက်ပေမဲ့ တရုတ်ရေနံချက်စက်ရုံများတွေကတော့ တိုးမြှင့်တင်သွင်းခဲ့ကြောင်း လေ့လာ သုံးသပ် သူများရဲ့ အစီရင်ခံစာကို ကိုးကား၍ CNN သတင်းဌာနက ဖော်ပြလိုက်ပါတယ်။
၂၀၂၂ ရုရှား- ယူကရိန်းပဋိပက္ခ အရှိန်မြင့်လာပြီးနောက် မော်စကိုကို အနောက်နိုင်ငံများက ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒိအချိန်ကစပြီး တရုတ်နှင့် အိန္ဒိယတို့က ရုရှားရေနံစိမ်းကို ထိပ်တန်းဝယ်ယူသူများ ဖြစ်လာခဲ့ပါတယ်။ အမေရိကန်က အိန္ဒိယကို ကုန်သွယ်ရေး ဖိအားပေးမှုဆောင်ရွက်ခဲ့ပြီး ပို့ကုန်အခွန် ၅၀% အထိ တိုးမြှင့် ကောက်ခံမှုတွေ လုပ်ခဲ့တော့ အိန္ဒိယအနေနဲ့ ရုရှားရေနံစိမ်းကို ဝယ်ယူသန့်စင်မှု အားလျော့သွားပါတယ်။
အိန္ဒိယကိုပို့နေတဲ့ ရေနံတင်သင်္ဘောလမ်းကြောင်းကနေ တရုတ်နိုင်ငံကိုပို့ဖို့အတွက် တရုတ်အစိုးရပိုင်းကရော ပုဂ္ဂလိကပိုင်းက ရေနံသန့်စင်စက်ရုံတွေက တောင်းဆိုမှုတွေ လုပ်ထားပါတယ်။ အောက်တိုဘာလထဲမှာ ရေနံတင်သင်္ဘာ ၁၃ စီးနဲ့ နိုဝင်ဘာလထဲမှာ အနည်းဆုံး ၂ စီး ဝင်ဖို့ အမှာစာတွေ ရှိနေပါတယ်။ ရုရှားရေနံစိမ်းက အရှေ့အလယ်ပိုင်းက ရေနံစိမ်းထက် တစ်စည်ကို အနည်းဆုံး ၃ ဒေါ်လာ လျော့နေတဲ့အတွက်ကြောင့် တရုတ်က အဲ့ဒိအခွင့်ကောင်းကို စောင့်ပြီး ဝယ်တာပဲ ဖြစ်ပါတယ်။ ရုရှားရေနံကို ဝယ်လို့ တရုတ်ကို အမေရိကန်က အခွန်းစည်းကြပ်မှု တိုးမယ်လို့ ပြောထားပေမဲ့ လောလောဆယ် မလုပ်ဖြစ်နိုင်သေးပါဘူး။
အိန္ဒိယက ရုရှားရေနံဝယ်ယူမှုကို ခေတ္တ ရပ်တန့်လိုက်ပေမဲ့ ပြန်လည်ဝယ်ယူမှုတွေ လုပ်ဖို့ပြင်ဆင်နေပါတယ်။ အဲ့ဒိကိစ္စနဲ့ ပတ်သက်ပြီး အိန္ဒိယ ရေနံသန့်စင်ရေးလုပ်ငန်းတွေက လူသိရှင်ကြား အသိမပေးတော့ပါဘူး။ စက်တင်ဘာနဲ့ အောက်တိုဘာလအတွင်း ဝယ်ယူမှုတွေ ရှိမယ်လို့ ဆိုပေမဲ့ ပမာဏကို ကြေညာခြင်း မပြုတော့ပါဘူး။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment