ထားဝယ်မြို့၌ တတိယအကြိမ်မြောက် ကမ္ဘာ့ငြိမ်းချမ်းမှုဖော်ဆောင်ရေး ကိုယ်ကျင့်သီလဗဟုသုတပြိုင်ပွဲ ထူးချွန် ဆုများပေးအပ်ပွဲနှင့် (၃၈)ဖြာမင်္ဂလာစာအုပ်များပေးအပ်လှူဒါန်းပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ထားဝယ်မြို့၌ တတိယအကြိမ်မြောက် ကမ္ဘာ့ငြိမ်းချမ်းမှုဖော်ဆောင်ရေး ကိုယ်ကျင့်သီလဗဟုသုတပြိုင်ပွဲ ထူးချွန် ဆုများပေးအပ်ပွဲနှင့် (၃၈)ဖြာမင်္ဂလာစာအုပ်များပေးအပ်လှူဒါန်းပွဲကျင်းပ

 


ထားဝယ်   ၊    ဩဂုတ် ၁၄


တတိယအကြိမ်မြောက်၊ ကမ္ဘာ့ငြိမ်းချမ်းမှုဖော်ဆောင်ရေးကိုယ်ကျင့်သီလ ဗဟုသုတ ပြိုင်ပွဲ (World Peace Ethics Contest,  Dawei) ထူးချွန် ဆုများပေးအပ်ပွဲနှင့် (၃၈)ဖြာမင်္ဂလာစာအုပ်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁  နာရီ က ထားဝယ်မြို့၊ မြို့မယဉ်ငေး သာသနာ့ရိပ်သာ၌ ကျင်းပသည်။

အခမ်းအနားတွင် ဇေယျဝတီတိုက်၊ ဂဏဝိမုတ်ကူးတို့ဂိုဏ်း တိုင်းသံဃနာယကဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တနန္ဒဝံသ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ ဆရာတော်ကြီးများက  ဩဝါဒကထာ မြွက်ကြားကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ကိုယ်စား တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ဝမ်းမြောက်စကားပြောကြားသည်။

ထို့နောက်ဆရာတော်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ နှင့်တာဝန်ရှိသူများက အကျိုးဆောင်နာယက ဆရာတော်(၂)ပါး အားဂုဏ်ပြုလက်မှတ်ချီးမြှင့်ပြီး မြန်မာတစ်နိုင်ငံလုံးအဆင့်(၂၇)ရရှိသော ကျောင်းသူ မဆုဝေထက်အား ဆုချီးမြှင့်ကာ နှစ်သိမ့်ဆုရရှိသူများ၊ စာမေးပွဲကျင်းပရေးနှင့်ရုံးလုပ်ငန်းများအဖွဲ့၊ ဆုရရှိသောကျောင်းသားကျောင်းသူ (၁၅)ဦးနှင့် သင်ကြားပေးသော ဆရာ/ဆရာမများအား ဂုဏ်ပြု လက်မှတ်များချီးမြှင့်သည်။

ဆက်လက်၍တာဝန်ရှိသူများက စာမေးပွဲဖြေဆိုအောင်မြင်သူများအား အောင်လက်မှတ်ပေးအပ်ပြီး စာမေးပွဲအခန်းစောင့် ဆရာ/ဆရာမများအား အောင်လက်မှတ်ချီးမြှင့်ကာ ၂၀၂၅ ပညာသင်နှစ် ပြဋ္ဌာန်းစာအုပ်များအားပေးအပ်လှူဒါန်းသည်။

ယင်းနောက် ဇေယျဝတီတိုက်၊ ဂဏဝိမုတ်ကူးတို့ဂိုဏ်း တိုင်းသံဃနာယက ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တနန္ဒဝံသက  ပြုပြုသမျှ ကုသိုလ်အဖို့ဘာဂကိုအမျှပေးဝေပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ် ရွတ်ဆို၍ အခမ်းအနား ရုတ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)