ဩဂုတ် - ၁၁ ( တနင်္လာနေ့ )
ဩဂုတ်လက အမေရိကားရဲ့ အပူဆုံးလဖြစ်ပြီး တောမီးလောင်ကျွမ်းမှု အများဆုံးကာလလည်း ဖြစ်ပါတယ်။ လက်ရှိ အမေရိကားရဲ့ အနောက်ဖက်တစ်ခြမ်းလုံးက တောမီအန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။ ခြောက်သွေ့ရာသီလည်းဖြစ်၊ စိုထိုင်းစကလည်း နည်းနေတော့ တောမီးပြန့်နှံ့မှုက အလွန်မြန်ဆန်ပါတယ်။ မီးသတ်တပ်ဖွဲ့တွေ နဲ့ မီးသတ်ကားတွေရဲ့ အင်အား မလုံလောက်တော့တာကြောင့် စစ်သုံးသယ်ယူပိုဆောင်ရေး လေယာဉ်တွေမှာ မီးသတ်ပစ္စည်းတွေ တပ်ဆင်ပြီး အရန်သင့် ပြင်ဆင်ထားရပါတယ်။
အမေရိကန်နိုင်ငံတစ်ဝှမ်းတွင် လက်ရှိလောင်ကျွမ်းနေသော တောမီးကြီး ၃၇ ခုရှိပြီး အရာရှိ ၃၇၄ ဦး၊ မီးသတ်ကား ၉၇၅ စင်း၊ မီးသတ်ရဟတ်ယာဉ် ၁၂၅ စင်းနှင့် ဖြစ်စဉ်စီမံခန့်ခွဲရေးအဖွဲ့ ၁၃ ဖွဲ့တို့ကို စေလွှတ်ထားကြောင်း အမျိုးသားမီးသတ်ဌာန ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါရှိပါတယ်။
၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတစ်ဝှမ်းရှိ သစ်တောဧကပေါင်း ၃.၆ သန်းကျော်မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး မီးလောင်ကျွမ်းမှုဒေသ ၄သောင်းကျော် ရှိခဲ့ပါတယ်။ အဲ့ဒိပမာဏက မနှစ်ကထက် နှစ်ဆနီးပါးပိုလာပြီး ယခုရာသီ တောမီးလောင်ကျွမ်းမှု က နေရာတစ်ခုမှာ အနည်းဆုံး ၁ ဧက ရှိပါတယ်။ ရောကီးတောင်တန်းကြီးပေါ်မှာ အပူချိန်မြင့်တက်နေမှုနဲ့ လေတိုက်နှုန်းမြင့်မားလာမှုကြောင့် တောမီးတွေက မကြာခဏလောင်ကျွမ်းရတယ်လို့ ဆိုပါတယ်။
REF: UPI
https://t.me/MyanmarNationalPost

No comments:
Post a Comment