အမေရိကန်သွင်းကုန်တွေအပေါ် အခွန်လျှော့ချလိုက်လို့ ထိုင်းအစိုးရ ဘတ်သန်း ၈ ထောင်ကျော် ဝင်ငွေထိခိုက် - Myanmar National Post

Myanmar National Post

News Agency

Breaking

အမေရိကန်သွင်းကုန်တွေအပေါ် အခွန်လျှော့ချလိုက်လို့ ထိုင်းအစိုးရ ဘတ်သန်း ၈ ထောင်ကျော် ဝင်ငွေထိခိုက်


ဩဂုတ် - ၂၉ ( သောကြာနေ့ ) 

အကောက်ခွန်ဦးစီးဌာန၏ လက်ထောက်ညွှန်ကြားရေးမှူးချုပ် ယုတာနာ ဖော်ပီပက် က အမေရိကန် ပြည်ထောင်စုရဲ့ အခွန်မူဝါဒသဘောတူညီချက်နဲ့အညီ အမေရိကန်နိုင်ငံမှ သွင်းကုန် ၁၀,၀၀၀ ကျော်အပေါ် တင်သွင်းခွန်လျှော့ချရေး စည်းမျဉ်းများကို လောလောဆယ် ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အဲ့ဒါက ဒီနှစ်ထဲမှာ အသက်ဝင်နိုင်ပါတယ်။ 

အဲ့လို လုပ်လိုက်တာက ၂၀၂၆ ဘဏ္ဍာနှစ်တွင် အစိုးရရဲ့၀င်ငွေ ဘတ် သန်းပေါင်း ၈ ထောင်လောက် ဆုံးရှုံးနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ လက်ရှိမှာက ထိုင်းအကောက်ခွန်ဌာနက အမေရိကန်ထံမှ သွင်းကုန်တွေအပေါ် အခွန်ကောက်နေတာ နှစ်စဉ် ပျမ်းမျှ ဘတ်ငွေ သန်း ၂ သောင်းကျော် ရနေပါတယ်။ 

၂၀၂၆ ဘဏ္ဍာနှစ်အတွက် အကောက်ခွန်ဌာနက ၎င်းရဲ့ အခွန်ကောက်ခံမှု ရည်မှန်းချက်ကို ပြန်လည် မပြင်ဆင်ရသေးပေမဲ့ အမေရိကန်အခွန်မူဝါဒ၏ သက်ရောက်မှုကို ဆက်လက်စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။ 


REF: the Nation

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)