ဟင်္သာတ၊ ဩဂုတ် ၂၉
ဧရာဝတီတိုင်းဒေသကြီး ၊ဟင်္သာတမြို့၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း အမျိုးသားခန်းမတွင် ယနေ့ မွန်းလွဲ ၂ နာရီက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးမောင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ အမှတ်(၈၄) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ဟင်္သာတ)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူး ယဉ်မင်းသိုက်က "ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အကြောင်းအရာများနှင့်ပတ်သက်၍ ရှောင်ရန်/ဆောင်ရန် အချက်များ" ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ယာဉ်စစ်ဆေးရေးမှူး ဦးကျော်ဇေယျာထွန်းက "ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအကြောင်းအရာများနှင့်ပတ်သက်၍ ရှောင်ရန်/ဆောင်ရန် အချက်များ၊ လမ်းအမှတ်အသားများ၊ လမ်းလျှောက်သူများ လိုက်နာရန်အချက်များ" အား အသိပညာပေး ဟောပြောခဲ့ကြသည်။
အဆိုပါအသိပညာပေး ဟောပြောပွဲသို့ ကျောင်းအုပ်ကြီးနှင့်ဆရာ/ဆရာမများ ၊ကျောင်းသား၊ကျောင်းသူများ စုစုပေါင်း၂၅၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment