နေပြည်တော်၊ သြဂုတ် ၃
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ရန်ကုန်တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်စိုးနှင့်အတူ ၃၁-၇-၂၀၂၅ ရက်နေ့တွင် ရန်ကုန်ရုံးခွဲ၌ ကျင်းပသော မိတ်ဆွေများနှင့်တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲကို အပိုင်း(၂)ပိုင်းခွဲ၍ ပြုလုပ်ခဲ့ပြီး ပထမပိုင်းအခမ်းအနားကို နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ခဲ့ရာ အနုပညာအသိုင်းအဝန်းမှ အောင်မြင်ကျော်ကြားသည့် ရုပ်ရှင်သရုပ်ဆောင်များ၊ ဟာသပညာရှင်များ၊ ဒါရိုက်တာများ တက်ရောက်ခဲ့ပြီး ပါတီဥက္ကဋ္ဌက နိုင်ငံတော်မှ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ မိမိတို့ပါတီဖြစ်တည်လာမှုသမိုင်း၊ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနှင့် မိမိကြိုက်နှစ်သက်ရာ အဖွဲ့အစည်းများအား မဲပေးရေးအပါအဝင် ကဏ္ဍအသီးသီးအား တက်ရောက်လာသော မိတ်ဆွေများနှင့် အပြန်အလှန် ဆွေးနွေးခဲ့ပြီး နေ့လည် ၁၂၂၀ အချိန်တွင် အခမ်းအနားအား ခေတ္တရပ်နားခဲ့ပါသည်။
ထို့နောက် ဒုတိယပိုင်းအခမ်းအနား နေ့လည် ၁၃၃၀ အချိန်တွင် ပြန်လည်စတင်ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြေစိုက်မီဒီယာအဖွဲ့များနှင့် တွေ့ဆုံခဲ့ပြီး ပါတီဥက္ကဋ္ဌက ပါတီ၏လှုပ်ရှားဆောင်ရွက်မှုများအား အကျယ်တဝံ့ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော သတင်းမီဒီယာအဖွဲ့များမှ မေးမြန်းသော မေးခွန်းများအား ပြန်လည်ဖြေကြားကာ ညနေ ၁၆၀၀ နာရီအချိန်တွင် ဒုတိယပိုင်းအခမ်းအနား ပြီးမြောက်ခဲ့သည်။
အဆိုပါ မိတ်ဆွေများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်စိုးနှင့် တိုင်းဒေကြီးပါတီကော်မတီဝင်များ၊ ရုပ်ရှင်သရုပ်ဆောင်များ၊ ဟာသပညာရှင်များ၊ ဒါရိုက်တာများ၊ သတင်းမီဒီယာအဖွဲ့များမှ သတင်းထောက်များ တက်ရောက်ခဲ့သည်။
https://t.me/MyanmarNationalPost











No comments:
Post a Comment