ကော့သောင်းမြို့တွင် ပင်လယ်ပြင်ခရီးသွားသူများအနေဖြင့် အသက်ကယ်အင်္ကျီ ဝတ်ဆင်စေရေးကြပ်မတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကော့သောင်းမြို့တွင် ပင်လယ်ပြင်ခရီးသွားသူများအနေဖြင့် အသက်ကယ်အင်္ကျီ ဝတ်ဆင်စေရေးကြပ်မတ်




ကော့သောင်း ၊  ဩဂုတ် ၁၈


တနင်္သာရီတိုင်းဒေသကြီးကော့သောင်းခရိုင်ကော့သောင်းမြို့တွင်  ပင်လယ်ပြင်ခရီးသွားသူများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်း၍ လုံခြုံစိတ်ချစွာ ခရီးသွားလာနိုင်ရေးအတွက် အသက်ကယ်အင်္ကျီဝတ်ဆင်စေရေးကြပ်မတ်ခြင်းကို ယနေ့နံနက်ပိုင်းက ကော့သောင်းကမ်းနားရှိ လှေဆိပ်တွင် ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်တင့်၊ ကော်မတီအဖွဲ့ဝင်များ၊မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ပို့ဆောင်ရေးနှင့်စီမံကိန်းဦးစီးဌာန၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရေယာဉ်ငယ်အသင်းမှ ဝာာဝန်ရှိသူများက ပင်လယ်ရေကြောင်းဖြင့် ကော့သောင်းမြို့မှ ထိုင်းနိုင်ငံရနောင်းမြို့သို့ခရီးသွားလာကြမည့် ပြည်သူများအား အသက်ကယ်အင်္ကျီ စနစ်တကျဝတ်ဆင်စေရေး ကြပ်မတ်စစ်ဆေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)