ကချင်ပြည်နယ်ဝန်ကြီးချုပ် နမ္မတီးမြို့ရှိ ယာယီတိမ်း‌ရှောင်ပြည်သူများအား အခြေခံစားသောက်ကုန်ပစ္စည်းများနှင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် နမ္မတီးမြို့ရှိ ယာယီတိမ်း‌ရှောင်ပြည်သူများအား အခြေခံစားသောက်ကုန်ပစ္စည်းများနှင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး













မြစ်ကြီးနား၊ သြဂုတ် ၁၄

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေး ရာဝန်ကြီးဌာနကပံ့ပိုးမှုဖြင့် တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော ဒေသတွင်း တိုင်းရင်းသားလူငယ်များအတွက် အ ခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲကို ယမန်နေ့က ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ကျင်းပပြုလုပ်သည်။

 အဆိုပါ သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်းကိုရေးဆွဲ၍ မူဝါဒများချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်အပြင် တတ်နိုင်သည့် ရင်း နှီးမြှပ်နှံမှုပမာဏငွေဖြင့် အသေးစား လုပ်ငန်းများ လုပ်ကိုင်နိုင်ရေး၊ အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ လေ့ကျင့်သင်ကြားရေးလုပ်ငန်းများတွင်အမျိုးသ မီးများ ယခင်ကထက်ပိုမိုပါဝင်လာနိုင်ရေးနှင့် အ မျိုးသမီးများအတွက် အသက်မွေးဝမ်းကျောင်း အ ထောက်အကူပြုသင်တန်းများ ဖွင့်လှစ်သင်ကြားပို့ ချပေးလျက်ရှိပြီး သင်ကြားတတ်မြောက်ထားသည့် အသက်မွေးဝမ်းကြောင်းမှုဆိုင်ရာ အသိပညာ၊ အ တတ်ပညာကျွမ်းကျင်မှုများဖြင့် အလုပ်အကိုင် ရရှိပြီး တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများမှ တစ် ဆင့် ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်လာနိုင်ရေးအ တွက် ယခုလိုအခြေခံစက်ချုပ်သင်တန်းကို ဝိုင်းဝန်း ပူးပေါင်းဖွင့်လှစ်ပေးခြင်းပင် ဖြစ်ပါကြောင်း ပြောကြားသည်။

 ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန၏ အမျိုးသမီးအခွင့်အရေး၊ အမျိုးသမီးဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွင့်လှစ်ပြသသည့် ဗီဒီယိုကလစ်အား  ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က တိုင်းရင်းသားအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ရပ်ရွာဒေသအတွင်း ဆင်းရဲမှုလျှော့ချရေး၊ အလုပ် အကိုင်အခွင့်အလမ်းများ ပိုမိုရရှိရေးနှင့် အမျိုးသမီးများ ဝင်ငွေရလုပ်ငန်းအဖြစ် လုပ်ကိုင်နိုင်ရေး ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြား သည်။

 ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာ ဝန်ရှိသူများက ခန်းမအပြင်၌ပြသထားသည့် အခြေ ခံစက်ချုပ်သင်တန်းအတွက် သင်ထောက်ကူပစ္စည်းများနှင့် လက်မှုထုတ်ကုန်ပစ္စည်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

 ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့မှ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့သို့ သွားရောက်ပြီး နမ္မတီးမြို့ တော်ခန်းမ၌ မိုးကောင်းမြို့နယ်အတွင်းရှိ ယာယီတိမ်းရှောင်ပြည်သူများအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့က ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းနှင့် အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းအခမ်းအနားသို့ တက် ရောက်သည်။

အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့အနေဖြင့် ယာယီတိမ်းရှောင်ပြည်သူ  မိသားစုများ နေထိုင်စားသောက်မှု အဆင်ပြေစေရေး နေ အိမ်များ တည်ဆောက်ပေးခြင်း၊ စားသောက်ကုန်များ ထောက်ပံ့ပေးခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် မိသားစုများ၏ ကျန်းမာရေးအတွက် အခမဲ့စောင့်ရှောက်ပေးခြင်းကိုလည်း အတတ်နိုင်ဆုံး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ နေရပ်ပြန်နိုင်ရေးနှင့် ငြိမ်းချမ်းရေးအတွက် အားလုံးက ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း အားပေးပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက မိုးကောင်း မြို့နှင့် နမ္မတီးမြို့များတွင် ထပ်မံတိမ်းရှောင်လာသော အိမ်ထောင်စု (၁၂၇)စုတို့အတွက် ဆန်အိတ် (၁၂၇)အိတ်၊ ဆီ (၁၂၇)ပိဿာ၊ ကြက်ဥနှင့် ခေါက် ဆွဲခြောက်ဖာများ၊ အိမ်ထောင်စုများမှ ကျောင်း သားကလေးများအတွက်ဗလာစာအုပ်၊ခဲတံ၊ခဲဖျက်၊ ဘောပင်၊ ပေတံစသည့် ကျောင်းသုံး ပစ္စည်းများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြရာ ပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားတက်ရောက်လာကြသည့် မိသားစုများအတွက် မုန့်နှင့်ရေသန့်ဘူးများကို လိုက်လံကျွေးမွေးခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခန်းမအတွင်း မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ကချင်ပြည်နယ်အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ အိမ်ထောင်စုများအတွက် အခမဲ့ကျန်းမာရေးစစ်ဆေးကုသပေးခြင်း နှင့် ဆေးဝါးများအခမဲ့ပေးခြင်းလုပ်ငန်းတို့ကို လှည့် လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် က ကျန်းမာရေးဝန်ထမ်းများ၊ ပြည်နယ်အခမဲ့ဆေး ဝါးကုသရေးဖောင်ဒေးရှင်းတို့အတွက်လည်း ကောင်း၊ မြို့တော်ခန်းမ အခမ်းအနားတွင် ပါဝင်ခဲ့ကြသော ဘင်ခရာအဖွဲ့၊ ဂျိမ်းဖော၊ ရှမ်းတိုင်းရင်း သားရိုးရာအကအဖွဲ့များအတွက် ချီးမြှင့်ထောက်ပံ့ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် မြို့လှရပ်ကွက် ကြံစက်ဝင်းအတွင်းရှိနှစ်ခြင်း ခရစ်ယာန်အသင်းတော်၏ ယာယီတိမ်းရှောင်းစခန်း ၌ မိခင်များအဖွဲ့များမှ ကလေးငယ်များအတွက် အာဟာရကျွေးမွေးခြင်းအစီအစဉ် ဆောင်ရွက်နေမှု အခြေအနေများ၊ ပြည်နယ်အစိုးရအဖွဲ့မှ စီစဉ်ပေးမှုဖြင့် အိမ်တွင်းမှုသက်မွေးပညာသင်တန်းများမှ ကိုယ်တိုင်ထုတ်လုပ်ထားသော အသင့်စား စား သောက်ကုန်များနှင့် ဆပ်ပြာရည်ထုတ်ကုန်ပစ္စည်းများကို ဝယ်ယူအားပေးခဲ့ကြပြီး စခန်းအတွင်းရှိ က လေးထိန်းကျောင်း၌ ကလေးငယ်များအား လှည့် လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ထိုမှတစ်ဆင့် နမ္မတီးမြို့ မြို့သာယာရပ်ကွက် ကြံစက်ဝင်းအတွင်းရှိ စိန့်ထရေဇားယာယီတိမ်းရှောင်စခန်းသို့သွားရောက်ပြီး မိသားစုများနေထိုင်မှု အ ခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြကာ ယာယီနေအိမ်တန်းလျားများအတွင်း မိုးတွင်းရေဝပ်မှုမရှိစေရေး သဲကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်သွားရန်နှင့် ရေနှုတ်မြောင်းအား စနစ်တကျပြန် လည်တူးဖော်ပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူ များအား ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ နေအိမ်များ ပြုပြင်ဆောင်ရွက်နိုင်ရေးအတွက် ဝါးဝယ်ယူ နိုင်ရေး ငွေကျပ်သိန်း ၅၀ ကို တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် နမ္မတီးမြို့မှတစ်ဆင့် နန့်လှိုင်ခေတ်မီ စံပြကျေးရွာသို့သွားရောက်ပြီး ကျေးရွာအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ပထမနှစ်စက်ဝန်းမှ မတည်ငွေကျပ်သိန်း (၃၀၀) မတည်ပေးမှုဖြင့် ဝက်မွေးမြူရေးလုပ်ငန်းတိုးချဲ့ဆောင်ရွက်လျက်ရှိသည့် ပိုင်ရှင်ဒေါ်ဖွေးစိန်းခြံသို့သွားရောက်ပြီး ဝက်ပေါက်များ ထပ်မံမွေးမြူ၍ စီးပွားဖြစ်ထွန်းနေမှုကို ကြည့် ရှုစစ်ဆေးခဲ့ကြပြီး မွေးမြူရေးအထောက်အကူပြုဆေးဝါးပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် နန့်လှိုင်ကျေးရွာဘေးရှိ မြတောင်ကွင်းသို့ သွားရောက်ပြီး မြတောင်ကွင်းအတွင်းရှိ တောင်သူ ဦးမျိုးမျိုး၏ မိုးစပါးစိုက်လယ် (၅)ဧက အတွင်း ဒေသခံတောင်သူများက ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာ အချိုးကျ အချိန်ကိုက် ရောစပ်ကြဲပက်ခြင်း တောင်သူအသိပညာပေး ကွင်းသရုပ်ပြပွဲအား ကြည့်ရှုအားပေးခဲ့ကြပြီး ဒေသခံ တောင်သူများ၏ တစ်ဧက မိုးစပါးအထွက်နှုန်းတိုးပွားရေးအတွက် စိုက်ပျိုးရေးသွင်းအားစုများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန် ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေပိုင်းကလည်း မြစ်ကြီးနားမြို့ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနပိုင် ငြိမ်းချမ်းသာယာ ဘော လုံးကွင်းအတွင်း မြစ်ကြီးနားဇုံနယ် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်များအဖွဲ့ (KBC)က ကြီးမှူး၍ မြစ်ကြီးနားခရိုင် အသက် (၂၃)နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် စီတာပူကချင်နှစ်ခြင်းအသင်း‌တော် လူငယ်ဘောလုံးအသင်း နှင့် ဂျော်မဆပ်ကချင်နှစ်ခြင်းအသင်းတော် လူငယ်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘောလုံးပြိုင်ပွဲအတွက် ချီးမြှင့်ငွေကျပ်သိန်း (၂၀)နှင့် ဘော လုံးပြိုင်ပွဲဖျော်ဖြေရေးအဖွဲ့များအတွက် ချီးမြှင့်ထောက်ပံ့ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)