လေးမျက်နှာမြို့နယ်တွင် တောင်သူများအတွက် ဓါတ်မြေဩဇာများဖြန့်ဖြူးပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

လေးမျက်နှာမြို့နယ်တွင် တောင်သူများအတွက် ဓါတ်မြေဩဇာများဖြန့်ဖြူးပေးအပ်


လေးမျက်နှာ၊ ဩဂုတ် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်း ကျေးရွာအုပ်စုများမှ တောင်သူများအား ယမန်နေ့က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် အကျုံးမဝင်သော တောင်သူများအတွက် ဓါတ်မြေဩဇာများဖြန့်ဖြူးပေးအပ်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းက နိုင်ငံ့စီပွားရန်ပုံငွေနှင့်အကျုံးမဝင်သည့် တောင်သူများအား ဓာတ်မြေဩဇာများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူသုံးစွဲနိုင်စေရန်အတွက် ပို့ဆောင် ရောင်းချပေးလျက် ရှိပါကြောင်း၊ တောင်သူများအနေဖြင့် ပြင်ပပေါက်ဈေးနှုန်းများထက် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူနိုင်စေရန်ရောင်းချပေးရာမှာ သီးနှံပေါ်ပေး(အကြွေး)စနစ်ဖြင့် တောင်သူများ အဆင်ပြေ စေရန်နှင့် ဓာတ်မြေဩဇာများအသုံးပြုပြီး မိုးစပါးအထွက်နှုန်း တိုးစေရေးအတွက် ဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဝင်းမင်းအောင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒေါ်သီတာအောင်နှင့် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးငြိမ်းမောင်မောင်တို့က အသီးသီးတောင်သူများအား မြန်မာ့အောဘာ ကောမက် G-46 ပေးအပ် ခဲ့ကြောင်း သိရသည်။


မိုးသက်ကို

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)