ဟင်္သာတခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ တွေ့ဆုံညှိနှိုင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟင်္သာတခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ တွေ့ဆုံညှိနှိုင်း





ဟင်္သာတ၊ ဩဂုတ် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ခရိုင်ကော်မရှင်အဖွဲ့ခွဲနှင့် မြို့နယ် ကော်မရှင်အဖွဲ့ခွဲများ တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါရုံး အစည်းဝေးခန်းမတွင် ကျင်းပခဲ့သည်။

ဟင်္သာတခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင့်ဝေ၊ အတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ အဖွဲ့ဝင်(၁) ဦးထွန်းထွန်းဦး၊ အဖွဲ့ဝင်(၂) ဦးသန်းအေး၊ ဟင်္သာတမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဝင်းဌေး၊ အတွင်းရေးမှူး ဒေါ်စန်းစန်းအေး၊ ဇလွန်၊ လေးမျက်နှာမြို့နယ်၊ မြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ်နှင့် အင်္ဂပူမြို့နယ်များမှ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စုစုပေါင်း(၂၅)ဦးခန့် တက်ရောက်ခဲ့ကြောင်း၊ အဆိုပါ တွေ့ဆုံညှိနှိုင်းအစည်းအဝေးတွင် ဟင်္သာတခရိုင် ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင့်ဝေက မိတ်ဆက်အဖွင့်အမှာစကားတွင် "ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လွှတ်တော်အသီးသီးအတွက် ရွေးကောက်ပွဲများကို အောင်မြင်စွာ ကြီးကြပ်ကျင်းပနိုင်ရန်နှင့် နိုင်ငံရေးပါတီများကို ဥပဒေနှင့်အညီ ဆောင်ရွက်စေရေးအတွက် ကြီးကြပ်ပေးနိုင်ရန် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများကို ဖွဲ့စည်းတာဝန် ပေးအပ်ပြီးဖြစ်ပါသဖြင့် ဟင်္သာတခရိုင်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် မြို့နယ်ကော်မရှင်များ၏ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ တွေ့ဆုံပွဲကို ပြုလုပ်ရခြင်းဖြစ်ကြောင်း” အဖွင့်အမှာစကား ပြောကြားခဲ့သည်။ 

ဆက်လက်၍ အတွင်းရေးမှူး ဦးအောင်ကျော်မိုးက ရွေးကောက်ပွဲဆိုင်ရာများ ၊ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်း ဆွေးနွေးတင်ပြခဲ့သည်။ ထို့နောက် တက်ရောက်လာသူများမှ အထွေထွေ ပြန်လည် ဆွေးနွေး တင်ပြခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီး ခရိုင် ကော်မရှင် ဥက္ကဋ္ဌ ဦးတင့်ဝေက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)