စလင်းမြို့နယ်တွင် ရဟန်းသံဃာနှင့် သီလရှင်ဆရာလေးအပါး(၄၀၀)ကျော်အား စုပေါင်းအာရုံ ဆွမ်းလောင်းလှူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စလင်းမြို့နယ်တွင် ရဟန်းသံဃာနှင့် သီလရှင်ဆရာလေးအပါး(၄၀၀)ကျော်အား စုပေါင်းအာရုံ ဆွမ်းလောင်းလှူ

 




စလင်း၊ သြဂုတ် ၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် မြို့နယ်အတွင်းရှိ စာသင်တိုက်အသီးသီးတွင်ပညာသင်ကြားနေသည့် ရဟန်းသံဃာများနှင့်သီလရှင်ဆရာလေး အပါး(၄၀၀)ကျော်အား စုပေါင်းအာရုံဆွမ်းလောင်းလှူပွဲကို စလင်းမြို့ သာသနဟိတဆွမ်းလောင်းအသင်းမှ ဦးဆောင်ကြီးကြပ်၍  ယနေ့ ၁၃၈၇ ခုနှစ်  ဝါခေါင်လဆန်း၁၀ရက်  ၅ နာရီ ၃၀ မိနစ်အချိန်က စျေးမရပ်ကွက် သာသနဟိတဆွမ်းလောင်းအသင်းကြီးရှေ့တွင်စုပေါင်းလောင်းလှူခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ် သာသနဟိတဆွမ်းလောင်းအသင်းကြီးမှ အကျိုးတော်ဆောင်များမှ  ဦးဆောင်ကြီးကြပ်မှုဖြင့်စုပေါင်း၍ အများပြည်သူများထံမှအလှူခံရရှိသည့်  အလှူငွေများ ကျေးရွာအုပ်စုများမှ လှည့်လည်အလှူခံရရှိသည့် အလှူငွေများလစဥ်စုဆောင်း၍  အများပြည်သူတို့၏ လှူဒါန်းလိုသောသဒ္ဒါတရားတို့ဖြင့်  စာသင်တိုက်အသီးသီးတို့တွင်ပညာသင်ကြားနေသည့်  ရဟန်းသံဃာသီလရှင်ဆရာလေးအပါး(၄၀၀)ကျော်အား  နံနက်အာရုံဆွမ်း အခက်အခဲမရှိစေရန်  စုပေါင်းလောင်းလှူကြကြောင်း သိရသည်။                                                     


မောင်လွင်(စလင်း)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)