အာဆီယံနိုင်ငံဖြတ်ကျော် လျှပ်စစ်ဓာတ်အားချိတ်ဆက်ရောင်းဝယ်မှု စီမံကိန်းများဆိုင်ရာ ဘဏ္ဍာငွေအထောက်အပံ့ရရှိရေး လုပ်ထုံးလုပ်နည်းများနှင့်စပ်လျဉ်းသော ဝန်ကြီးအဆင့်အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အာဆီယံနိုင်ငံဖြတ်ကျော် လျှပ်စစ်ဓာတ်အားချိတ်ဆက်ရောင်းဝယ်မှု စီမံကိန်းများဆိုင်ရာ ဘဏ္ဍာငွေအထောက်အပံ့ရရှိရေး လုပ်ထုံးလုပ်နည်းများနှင့်စပ်လျဉ်းသော ဝန်ကြီးအဆင့်အစည်းအဝေးကျင်းပ


နေပြည်တော်၊ ဩဂုတ် ၁၅

အာဆီယံဒေသတွင်း စီးပွားရေးပေါင်းစည်းဆက်နွှယ်မှု ပိုမိုအားကောင်းလာစေရေးအတွက် အာဆီယံနိုင်ငံဖြတ်ကျော် လျှပ်စစ်ဓာတ်အား ချိတ်ဆက်ရောင်းဝယ်မှုစီမံကိန်းများဆိုင်ရာ ဘဏ္ဍာငွေအထောက်အပံ့ရရှိရေး လုပ်ထုံးလုပ်နည်းများနှင့်စပ်လျဉ်းသော ကဏ္ဍစုံဝန်ကြီးအဆင့်အစည်းအဝေးကို ယမန်နေ့က အာဆီယံစွမ်းအင်ဝန်ကြီးများ အစည်းအဝေး၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သူ မလေးရှားနိုင်ငံက ကြီးမှူး၍ Video Conferencing ဖြင့်ကျင်းပရာ မြန်မာနိုင်ငံ၏ အာဆီယံစီးပွားရေးဝန်ကြီး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့် ဘာသာရပ်ဆိုင်ရာကဏ္ဍများမှ တာဝန်ရှိသူများက သက်ဆိုင်ရာရုံးဌာနများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ၂၀၄၅ ခုနှစ်မတိုင်မီ အကောင်အထည်ဖော်ဆောင်ရွက်မည့် (ASEAN Power Grid Finan-cing Facility(APGF)) စီမံကိန်းများတွင် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေးအတွက် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် လာအိုနှင့်ထိုင်းနိုင်ငံတို့ထံမှ နိုင်ငံဖြတ်ကျော် လျှပ်စစ်ဓာတ်အား ချိတ်ဆက်ရယူနိုင်ရေးစီမံကိန်းများ ပါဝင်လာစေရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ကမ္ဘာ့ဘဏ်များအနေဖြင့် ဆက်လက်ကူညီဆောင်ရွက်ပေးစေလိုကြောင်း၊ မြန်မာနိုင်ငံ၏ ပထဝီအနေအထားနှင့် ပထဝီနိုင်ငံရေးအခွင့်အလမ်းများကို အသုံးချ၍ ဒေသတွင်းစီးပွားရေးနှင့် စွမ်းအင်ကဏ္ဍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီမံကိန်းများ လာရောက်ရင်းနှီးမြှုပ်နှံဖော်ဆောင်ကြရန် ဖိတ်ခေါ်ကြောင်း၊ မိမိနိုင်ငံနှင့် ဒေသတွင်းနိုင်ငံများ၏ စွမ်းအင်ဖူလုံရေးနှင့် စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး မြန်မာနိုင်ငံအနေဖြင့် အာဆီယံနိုင်ငံများနှင့် အတူတကွဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်က ဒေသတွင်းစွမ်းအင်ဖွံ့ဖြိုး တိုးတက်မှုအတွက် စွမ်းအင်ဖူလုံမှု၊ စွမ်းအင်ရယူသုံးစွဲနိုင်မှုနှင့် ကြံ့ကြံ့ခံနိုင်မှုကိုတိုးမြှင့်ရန် ထိရောက်မှုရှိသော၊ အားလုံးပါဝင် နိုင်သောချဉ်းကပ်မှုဖြင့် အလေးထားဆောင်ရွက်ကြရန်၊ မြန်မာနိုင်ငံတွင် စွမ်းအင်အရင်းအမြစ်များ ပေါများသည့်အတွက် အာဆီယံနိုင်ငံများ၏ စွမ်းအင်ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုကြောင်း ဆွေးနွေးပြောကြားသည်။

ယနေ့ အစည်းအဝေးတွင် အာဆီယံနိုင်ငံဖြတ်ကျော် လျှပ်စစ်ဓာတ်အား ချိတ်ဆက်ရောင်းဝယ်မှု စီမံကိန်းများအတွက် ဘဏ္ဍာငွေထောက်ပံ့မှုစနစ် (ASEAN Power Grid Financing Facility(APGF)) ဖြစ်ပေါ်လာစေရေး မဟာဗျူဟာကိစ္စရပ်များ၊ အာဆီယံနိုင်ငံဖြတ်ကျော် လျှပ်စစ်ဓာတ်အား ချိတ်ဆက် ရောင်းဝယ်မှုစီမံကိန်းများ (ASEAN Power Grid - APG) အကောင်အထည်ပေါ်လာစေရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ကမ္ဘာ့ဘဏ်တို့က ဘဏ္ဍာငွေထောက်ပံ့ရေးဆိုင်ရာ လုပ်ငန်းအစီအမံများဆိုင်ရာ ကိစ္စရပ်များကို အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စွမ်းအင်ဝန်ကြီးများ၊ စီးပွားရေးဝန်ကြီးများ၊ ဘဏ္ဍာရေးဝန်ကြီး များနှင့်ဗဟိုဘဏ်ဥက္ကဋ္ဌများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ကမ္ဘာ့ဘဏ်တို့အကြား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)