မြန်မာနိုင်ငံနှင့် အီဂျစ်နိုင်ငံအကြား ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များ ဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာနိုင်ငံနှင့် အီဂျစ်နိုင်ငံအကြား ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များ ဆွေးနွေး


နေပြည်တော်၊ ဩဂုတ် ၁၅

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့က မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်နိုင်ငံသံအမတ်ကြီး H.E. Mrs. Aya Saad Mohamed Abdelkarim အား ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် အီဂျစ်နိုင်ငံအကြား ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များ၊ ဝါသီးနှံကဏ္ဍ ဖွံ့ဖြိုးရေးနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက် ရေး၊ စိုက်ပျိုးရေးဆိုင်ရာ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံလယ်ယာသားငါးထွက်ကုန်များ၊ လယ်ယာသုံးစက်ပစ္စည်းများနှင့် စိုက်ပျိုးရေးသွင်းအားစုများ အပြန်အလှန် တင်သွင်းတင်ပို့နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)