တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးသို့ သွားရောက်စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးသို့ သွားရောက်စစ်ဆေး




ထားဝယ်၊ ဩဂုတ် ၂၀

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည်  တနင်္သာရီ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာနှင့်အတူ ဆန်းချီရပ်ရှိ  တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးသို့ ဩဂုတ် ၁၈ ရက် မွန်းလွဲ ၁ နာရီက သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးက ဝန်ထမ်းများအနေဖြင့် မိမိတို့၏ စွမ်းဆောင်ရည်များကို စဉ်ဆက်မပြတ်မြှင့်တင်ကြရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်ရန်ပုံငွေများကို ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျမှန်ကန်စွာ သုံးစွဲရေး၊ ဝန်ထမ်းများသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဆောင်ပုဒ်နှင့် ဦးတည်ချက်(၄)ရပ်ကို သိရှိလိုက်နာဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း၊နိုင်ငံ့ဝန်ထမ်းသစ္စာ အဓိဋ္ဌာန်(၆)ချက်နှင့် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်များကို အလေးထားလိုက်နာဆောင်ရွက်ရန်လိုပါကြောင်း၊ တိုင်းရင်းသားရေးရာကိစ္စရပ်များကို စည်းလုံး ညီညွတ်စွာ အားသွန်ခွန်စိုက်ကြိုးစားဆောင်ရွက်ကြရန်မှာကြားပြီး ရုံးပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် အမှိုက်များကို စနစ်တကျစွန့်ပစ်မှုများကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ တာဝန်ခံများက ရုံးလုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် တိုင်းရင်းသားရေးရာကိစ္စရပ်များအား ရှင်းလင်း တင်ပြခဲ့ရာ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)