အိမ်မဲမြို့တွင် ဗို့အားမြှင့်စက်အပူလွန်ကဲပြီး နေအိမ် (၄) လုံး မီးလောင်ပျက်စီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အိမ်မဲမြို့တွင် ဗို့အားမြှင့်စက်အပူလွန်ကဲပြီး နေအိမ် (၄) လုံး မီးလောင်ပျက်စီး


အိမ်မဲ၊ သြဂုတ် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့၊ အထက်ပိုင်းရပ်ကွက် မြခွာညိုလမ်း MOB ဘဏ်အနီးတွင် ယနေ့နံနက် ၂ နာရီ ၂၀ မိနစ်ခန့်၌ ဗို့အားမြှင့်စက်အပူလွန်ကဲပြီး နေအိမ် (၄) လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ အိမ်မဲမြို့၊ အထက်ပိုင်းရပ်ကွက်၊ မြခွာညိုလမ်းရှိ MOB ဘဏ်အနီးတွင် မီးလောင်မှု ဖြစ်ပွားကြောင့် သတင်းအရ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်ကိုကိုဦး ဦးစီး(၂+၃)ဦး၊ မြို့နယ်ရဲတပ်ဖွဲ့ရဲမှူးဝင်းဇော်မိုး ဦးစီး(၅+၁၂)ဦး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝေယံစိုး ဦးစီး(၁+၂၀)ဦး၊ အရန်မီးသတ်(၁၀)ဦး၊ စုစုပေါင်း(၈+၄၅)ဦး၊ မီးသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ် (၂)စီးတို့ဖြင့် ၂ နာရီ ၂၅မိနစ်အချိန် အခင်းဖြစ်နေရာသို့ရောက်ရှိ မီးငြှိမ်းသတ်ရာ ၂ နာရီ ၃၀ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ၂ နာရီ ၃၅ မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့မှ မီးလောင်မှုနှင့်ပတ်သက်၍စိစစ်ခဲ့ရာ ဒေါ်ချိုချိုစန်း၊ (၆၈) နှစ်၊ (ဘ) ဦးစန်းမောင်၊ ၁၄/အမန (နိုင်) ၀၀၄၆၆၆၊ မှီခို၊ ဗမာ/ဗုဒ္ဓ၊ မြခွာညိုလမ်း၊ အထက်ပိုင်းရပ်ကွက်၊ အိမ်မဲမြို့နေထိုင်သူ၏ နေအိမ်၌  သြဂုတ်လ ၁၄ ရက် ညနေ ၅ နာရီအချိန်မှ စ၍ ဗို့အားမြှင့်စက်အား ဖွင့်ထားရာ သြဂုတ်လ ၁၅ ရက်နံနက် ၂ နာရီ၁၅မိနစ်အချိန်ခန့်တွင် မက်ထရောနစ် ဗို့အားမြှင့်စက်မှ လျှပ်စစ်အပူလွန်ကဲပြီး ၎င်းဗို့အားမြှင့်စက် တပ်ဆင်ထားသည့် နေအိမ်၏ကာရံထားသော သစ်သားပျဉ်အား မီးကူးစက် လောင်ကျွမ်းခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရပြီး ၎င်း၏နေအိမ်မှ မီးလောင်ကျွမ်းမှုကြောင့် ဒေါ်ချိုချိုစန်း ပိုင်ဆိုင်သော (သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း) လူမနေအိမ် (၁) လုံးနှင့် လူနေအိမ် (၁) လုံး၊ ဒေါ်သန်းဦး ပိုင်ဆိုင်သော (သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း) လူမနေ အိမ်(၁)လုံး၊ ဦးရဲမြင့်ဌေး ပိုင်ဆိုင်သော (သွပ်မိုး၊ပျဉ်ကာ၊ပျဉ်ခင်း)လူမနေ အိမ်(၁)လုံး၊ စုစုပေါင်း အိမ်(၄)လုံး မီးကူးစက် လောင်ကျွမ်းခဲ့ကြောင်း သိရှိရသဖြင့် မီးသတ်ဦးစီးမှူး၏ တွက်ချက်မှုအရ အဆိုပါမီးလောင် ကျွမ်းမှုကြောင့် လူနေအိမ်(၁)လုံး၊ လူမနေ အိမ်(၃)လုံး၊ စုစုပေါင်း(၄)လုံး မီးလောင်ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် လူနေအိမ် (၁) လုံး၊ လူမနေအိမ် (၃) လုံး မီးကူးစက်လောင်ကျွမ်းပြီး မီးအားပေါ့ဆစွာ အသုံးပြုသူ အိမ်ပိုင်ရှင် ဒေါ်ချိုချိုစန်းအား ဥပဒေအရ အရေးယူဆောင်ရွက်ပေးပါရန် အိမ်မဲမြို့နယ် ရဲစခန်းမှူး ဒုရဲမှူးလေးနိုင်မှ တရားလိုပြုလုပ်၍ တိုင်တန်းခဲ့သဖြင့် (ပ) ၁၀၈/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိပြီး တရားခံအား ဖမ်းဆီးပြီးဖြစ်ရာ မီးလောင်ကျွမ်းမှုကြောင့် လူနှင့်တိရစ္ဆာန် ပျက်စီးမှုမရှိပါကြောင်းနှင့်လူနေအိမ်(၁)လုံးတွင် နေထိုင်သော မ(၃)ဦး အနက်(၁)ဦးအား ဖမ်းဆီးထားပြီးဖြစ်သည့်အတွက် ကျန် မ(၂)ဦးအား ဆွေမျိုးများ၏နေအိမ်တွင် နေထိုင်နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိကြောင်းသိရသည်။


ချစ်သက်လယ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)