ရန်ကုန်၊ သြဂုတ် ၁၄
နိုင်ငံရေးပါတီများ ပူးပေါင်း၍ "ရွေးကောက်ပွဲသည် ပြည်သူအတွက်" ဆိုသည့် ခေါင်းစဉ်ဖြင့် သတင်းစာရှင်းလင်းပွဲပြုကို ယနေ့ ယနေ့ ဩဂုတ်လ ၁၄ ရက်တွင် တာမွေမြို့နယ်၊ Sky Star ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်
အခမ်းအနားတွင် "ရွေးကောက်ပွဲသည် ပြည်သူအတွက်" ဆိုသည့် ခေါင်းစဉ်ဖြင့် USDP ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်း၊ အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီ နာယက ဒေါ်စိုးစိုးမြင့်၊ ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်နှင့် အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသိန်းကြည်တို့မှ ငြိမ်းချမ်းရေးဖြစ်စဉ်၏ ကဏ္ဍတစ်ခုဖြစ်သော ရွေးကောက်ပွဲဆိုင်ရာ ဆွေးနွေးသုံးသပ်ချက်များကို ဆွေးနွေးပြောဆိုသွားသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် USDP ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်း က "ရွေးကောက်ပွဲက တဆင့် ကိုယ်စားလှယ်တွေ မျှမျှတတရွေးပေးနိုင်တယ်။ နိုင်ငံတော်က လုပ်မယ့် ရွေးကောက်ပွဲစနစ်မှာ FPTP လည်းပါမယ်။ PRလည်း ပါမယ်။ အဲဒီလို လုပ်လိုက်ခြင်းကြောင့် တိုင်းချစ်ပြည်ချစ်စိတ်နဲ့ တိုင်းပြည်အကျိုး လုပ်ဆောင်လိုတဲ့သူတွေ မျှမျှတတပါလာမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ အနာဂတ်က လှပမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ရွေးကောက်ပွဲ ဘယ်လောက်အထိ အရေးကြီးတယ်ဆိုတာ ပြည်သူလူထုကို ဒါလေးတွေ တင်ပြချင်ပါတယ်။ နောက်တစ်ခုက ဗမာတစ်မျိုးတည်းမဟုတ်ဘူး။ တိုင်းရင်းသား ၁၃၅မျိုး သူ့နေရာနဲ့သူ ရွေးကောက်ပွဲလုပ်တဲ့အတွက်ကြောင့် အသီးသီးပေါ်ထွက်လာခြင်းအားဖြင့် သူတို့ရဲ့ဆန္ဒတွေလည်း အလေးပေး၊ ကိုယ်လိုချင်တာလည်း ညှိနှိုင်းနိုင်မယ်ဆိုရင် တိုင်းပြည်ရဲ့ အနာဂတ်က ပိုမိုလှပမှာ ဖြစ်ပါတယ်။ အဲဒါသည် ရွေးကောက်ပွဲတစ်ခုတည်းကပဲ လုပ်နိုင်မှာ ဖြစ်ပါတယ်။" ဟု ထည့်သွင်းဆွေးနွေးသွားသည်။
ဦးလှသိန်း၊ ဒေါ်စိုးစိုးမြင့်၊ ဒေါက်တာအေးမောင်နှင့် ဦးသိန်းကြည်တို့မှ တစ်ဦးချင်းစီ သုံးသပ် ဆွေးနွေးပြောဆိုပြီး တက်ရောက်လာသော လူပုဂ္ဂိုလ်များမှ လွတ်လပ်စွာမေးမြန်းလာမှုများအပေါ် ပြန်လည်ဖြေကြားမှုများ ဆောင်ရွက်ခဲ့ကြသည်။
https://t.me/MyanmarNationalPost





No comments:
Post a Comment