ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ သဘာဝဘေးခံစားခဲ့ရသည့် ကုန်းစောင်းကျေးရွာ နေပြည်သူများ အဆင်ပြေစွာနေထိုင်နိုင်ရေးနှင့် မြေနေရာသစ် ရှာဖွေခြင်း ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ သဘာဝဘေးခံစားခဲ့ရသည့် ကုန်းစောင်းကျေးရွာ နေပြည်သူများ အဆင်ပြေစွာနေထိုင်နိုင်ရေးနှင့် မြေနေရာသစ် ရှာဖွေခြင်း ကွင်းဆင်းဆောင်ရွက်



‎ပင်းတယ၊ သြဂုတ် ၁

‎ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ သိမ်ကုန်းကျေးရွာအုပ်စု၊ ကုန်းစောင်းကျေးရွာသည် အိမ်ထောင်စု(၃၉)စုလူဦးရေ (၂၀၀)ကျော် နေထိုင်လျက်ရှိပြီး ဇူလိုင်လ ၂၅ ရက်မှ  ၂၈ ရက်နေ့ အထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများစီးဝင်ပြီး လူနေအိမ်(၂၀)လုံး မျှောပါပျက်းစီးမှုများဖြစ်ပေါ်ခဲ့သည်။

‎အဆိုပါသဘာဝဘေးခံစားခဲ့ရသည့် ကုန်းစောင်းကျေးရွာမှာပြည်သူများ အဆင်ပြေစွာ ပြန်လည်နေထိုင်နိုင်ရေးအတွက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ ဇူလိုင် ၃၀ ရက်နံနက်ပိုင်းက သိမ်ကုန်းကျေးရွာအုပ်စုအတွင်း မြေနေရာသစ်ရှာဖွေခြင်းလုပ်ငန်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

‎ဆက်လက်၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း၏ လမ်းညွှန်မှုဖြင့် သိမ်းကုန်ဘုန်းတော်ကြီးကျောင်းတွင် ယာယီနေထိုင်လျက်ရှိသည့်  ကုန်းစောင်းကျေးရွာမှ ရေဘေးသင့်ပြည်သူများအား ပင်းတယမြို့နယ် လူဝန်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ အိမ်ထောင်စု(၁၄)စု၊ နိုင်ငံသားစိစ်ရေးကတ်ပြား ပျောက်ဆုံး(၁၀)ဦးအား မိတ္တူထုတ်‌ပေးနေမှုကို ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ပညာရေးဌာနမှ ကုန်းစောင်းကျေးရွာရှိ  အခြေခံပညာမူလတန်းကျောင်းတွင် ပညာသင်ကြားနေသည့် ကျောင်းသား/ကျောင်းသူများအတွက် ပေးအပ်လှူဒါန်းသည့် ကျောင်းဝတ်စုံ၊ ဖတ်စာအုပ်နှင့် ကျောင်းသုံးစာရေးကရိယာများကို ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကျောင်းအုပ်ဆရာမကြီးထံသို့ ပေးအပ်လှူဒါန်းခဲ့သည်။

‎ဆက်လက်၍ ကုန်းစောင်းကျေးရွာနှင့် သိမ်ကုန်းကျေးရွာသွားလမ်းများ၊ တံတားများ ပြန်လည်ပြုပြင်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက်  ကြံခင်းမြောင်ကျေးရွာသို့ သွားရောက်ကာ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသခံပြည်သူများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ဆွေးနွေးတင်ပြခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းမှ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


‎အောင်ကိုဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)