ပေကျင်း၊ သြဂုတ် ၁၁
တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေ နှင့် ဇနီးဦးဆောင်သော မြန်မာသံရုံးဝန်ထမ်းများသည် ပေကျင်းမြို့ရှိ အာဆီယံ-တရုတ်စင်တာမှ ကြီးမှူး၍ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၉ ရက်တွင် “Durian Fest: Bridging with Taste” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပသည့် အာဆီယံ-တရုတ်ဒူးရင်းပွဲတော်သို့ ပါဝင်ဆင်နွှဲပြီး မြန်မာ့ဒူးရင်း ထွက်ကုန်စားဖွယ်ရာများဖြင့် ခင်းကျင်းပြသခဲ့သည်။
အဆိုပါ အာဆီယံ-တရုတ်ဒူးရင်းပွဲတော်သို့ ပေကျင်းမြို့၊ အာဆီယံ-တရုတ်စင်တာ အတွင်းရေးမှူးချုပ် မစ္စတာ ရှီကျုံကျွန်း၊ မြန်မာသံအမတ်ကြီးနှင့်အတူ ဘရူနိုင်းနိုင်ငံသံအမတ်ကြီး၊ ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီး၊ ဖိလစ်ပိုင်နိုင်ငံသံအမတ်ကြီး၊ ထိုင်းနိုင်ငံသံအမတ်ကြီး၊ ဗီယက်နမ်နိုင်ငံသံအမတ်ကြီးနှင့် မလေးရှား၊ အင်ဒိုနီးရှားနှင့် လာအိုနိုင်ငံတို့မှ သံရုံးဒုတိယ အကြီးအကဲများမှ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ အဆိုပါသံရုံးများမှလည်း သက်ဆိုင်ရာ နိုင်ငံထွက် ဒူးရင်းသီးများ၊ ဒူးရင်းထွက်ကုန် စားဖွယ်ရာများဖြင့် သက်ဆိုင်ရာနိုင်ငံအလိုက် ပြခန်းနေရာများ၌ ပါဝင်ပြသခဲ့ကြပြီး နိုင်ငံအလိုက်ဒူးရင်းသီးစိုက်ပျိုးမှုနှင့် ထုတ်လုပ်မှုဆိုင်ရာ အချက်အလက်များအကြောင်းကို Presentation များဖြင့် ရှင်းလင်းပြောကြားခဲ့ကာ သံရုံးအလိုက် ရိုးရာအကများဖြင့် ပါဝင်ဖျော်ဖြေခဲ့ကြသည်။ မြန်မာသံရုံးမှလည်း မြန်မာသံရုံး ဝန်ထမ်း ငယ်များက ကရင်ဒုံးယိမ်းအကဖြင့် ပါဝင်ဖျော်ဖြေခဲ့သည်။ မြန်မာသံရုံးက မြန်မာနိုင်ငံတွင် ဒူးရင်းစိုက်ပျိုးမှု၊ ဒူးရင်းအခြေခံ ထုတ်ကုန်များ ထုတ်လုပ်မှု၊ ပြည်ပသို့တင်ပို့ရန် ကြိုးပမ်းနေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပသည်။
အဆိုပါ အခမ်းအနားသို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံအမတ်ကြီး Ms. Yu Hong ၊ China Public Diplomacy Association မှ ဒုတိယဥက္ကဋ္ဌ တုန်ရှောင်လင်၊ တရုတ်နိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ACC ဝန်ထမ်းများနှင့် မီဒီယာများလည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment