တရုတ်သံရုံးတိုးချဲ့မှု ကိစ္စနဲ့ပတ်သက်ပြီး ဗြိတိန်အစိုးရက အသေးစိတ်အချက်အလက်တွေကို တောင်းဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရုတ်သံရုံးတိုးချဲ့မှု ကိစ္စနဲ့ပတ်သက်ပြီး ဗြိတိန်အစိုးရက အသေးစိတ်အချက်အလက်တွေကို တောင်းဆို


ဩဂုတ် - ၂၄ ( တနင်္ဂနွေနေ့ ) 

လန်ဒန်ရှိ တရုတ်သံရုံးမှာ “စူပါသံရုံး” လို့ ခေါ်တဲ့ သံရုံးကြီး တစ်ခုကို ဖွင့်လှစ်ရန်အတွက် ကြိုးပမ်းအားထုတ်မှုကို ရှင်းလင်းချက်များပေးဖို့ အတွက် ဗြိတိန်တာဝန်ရှိသူများ တောင်းဆိုခဲ့ပါတယ်။ ဘေဂျင်းအစိုးရ ကတော့ အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ရန် ငြင်းဆိုခဲ့ကြောင်း Financial Times သတင်းဌာန က ဖော်ပြခဲ့ပါတယ်။ အဲ့ဒိလိုတောင်းဆိုချက်နဲ့ပတ်သက်ပြီး တရုတ်ဘက် က ဗြိတိန်အစိုးရကို ရှုတ်ချလိုက်ပါတယ်။  ဗြိတိန်မီဒီယာများရဲ့ အဆိုအရ “စူပါသံရုံး”လို့ အမည်ပေးထားတဲ့ အဆိုပါ စီမံကိန်းက ဥရောပတွင် အကြီးဆုံး အဆောက်အအုံ ဖြစ်လာမှာလို့ သိရပါတယ်။ 

 ဗြိတိန်နိုင်ငံရှိ တရုတ်သံရုံးမှ ပြောရေးဆိုခွင့်ရှိသူက အိုးအိမ်၊ အသိုင်းအဝိုင်းနှင့် ဒေသန္တရအစိုးရ၏ ဆိုင်းငံ့မှုအပေါ် “အလေးအနက် စိုးရိမ်မှု” ကို ထုတ်ဖော်ပြောကြားခဲ့ပြီး ဘေဂျင်းသည် ၎င်း၏ လျှောက်ထားမှုတွင် “ထုံးတမ်းစဉ်လာ သံတမန်ကျင့်ထုံးများ” နှင့် သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းအားလုံးကို လိုက်နာပြီး ဗြိတိန်အရာရှိများ၏ မေးမြန်းချက်များကို ကျယ်ကျယ်ပြန့်ပြန့် အဖြေပေးခဲ့ပြီးသားလို့ ဆိုပါတယ်။ 

“သံတမန်ရေးရာ အဆောက်အအုံများ ဆောက်လုပ်ရာတွင် ပံ့ပိုးကူညီမှုများ ပေးနိုင်ရန် အိမ်ရှင်နိုင်ငံရဲ့ တာဝန်ဖြစ်တယ်ဆိုတာ  နိုင်ငံတကာစည်းမျဉ်းတစ်ခုပါပဲ” လို့ တရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။ 

ပြည်ထဲရေး အတွင်းဝန် အန်ဂျလာ ရေနာက သောကြာနေ့မှာ Financial Times သတင်းဌာနနဲ့ အင်တာဗျူးမှာ  ပေကျင်းသည် ယဉ်ကျေးမှုဖလှယ်ရေး အဆောက်အအုံ နဲ့ သံရုံးအိမ်ဒီဇိုင်း နဲ့ပတ်သက်ပြီး ကျိုးကြောင်းဆီလျော်မှုကိုပြသဖို့အတွက် ငြင်းဆိုခဲ့တယ်လို့ ပြောပါတယ်။ 

ခွင့်ပြုထားသည့်အရာများကို နားလည်ရန်အတွက် အတွင်းပိုင်းအစီအစဉ်အပြည့်အစုံကို ဖြည့်ဆည်းပေးရန် လိုအပ်ခြင်း သို့မဟုတ် သင့်လျော်ခြင်း မရှိဘူးလို့ တရုတ်အရာရှိများက ဆိုပါတယ်။ ဗြိတိန် အစိုးရဘက်ကတော့ တရုတ်သံရုံးတိုးချဲ့မှုကို အောက်တိုဘာ ၂၁ ရက်နေ့အထိရွှေ့ ဆိုင်းလိုက်ပါတယ်။ 

တရုတ်နိုင်ငံက လန်ဒန်မျှော်စင်အနီးရှိ ငါးဧကကျယ်ဝန်းသော တော်ဝင်မင့်တရားရုံးကို ၂၀၁၈ ခုနှစ်တွင် ဝယ်ယူခဲ့ပါတယ်။ ထိုအချိန်မှစ၍ ဘေဂျင်းသည် သံတမန်ရေးရာမစ်ရှင်ရဲ့ လက်ရှိနေရာများထက် ဆယ်ဆပိုကြီးမယ့် သံရုံးအဆောက်အအုံကို တည်ဆောက်ရန် ကြိုးပမ်းခဲ့ပါတယ်။ ပင်မအဆောက်အအုံအပြင် ရုံးခန်းများ၊ အိမ်ခြေ ၂၂၅ လုံးနှင့် ယဉ်ကျေးမှုဖလှယ်ရေးစင်တာတို့ ပါဝင်ပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)