ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရုံးဌာနအဆောက်အအုံနှင့် ဝန်ထမ်းများရုံးလုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရုံးဌာနအဆောက်အအုံနှင့် ဝန်ထမ်းများရုံးလုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ ဩဂုတ် ၅

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ယမန်နေ့က ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီးရုံးနှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနတို့ရှိ ဝန်ထမ်းများ ရုံးလုပ်ငန်းဆောင်ရွက်နေမှု၊ ရုံးအတွင်းအပြင်နှင့် ပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေး ဆောင်ရွက်ထားရှိမှု၊ နိုင်ငံပိုင်ရုံးလုပ်ငန်းသုံးပစ္စည်းများ စနစ်တကျသိမ်းဆည်းထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရေး၊ နိုင်ငံပိုင်ပစ္စည်း၊ အဆောက်အအုံများ လေလွင့်ဆုံးရှုံးမှုမဖြစ်ပေါ်စေရေး၊ ဆိုက်ဘာ လုံခြုံရေးသတိပြုဆောင်ရွက်ရေး၊ ရုံးအင်္ဂါရပ်နှင့် ညီညွတ်သောပတ်ဝန်းကျင်ဖြစ်စေရန် သန့်ရှင်းသပ်ရပ်မှုရှိအောင် ဆောင်ရွက်ရေး၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သောဘာသာရပ်များသာမက ပြင်ပဗဟု သုတ၊ ခေတ်နှင့်လျော်ညီသော နည်းပညာများကို စဉ်ဆက်မပြတ်ကြိုးစားလေ့လာရေး၊ နိုင်ငံ့အကျိုး၊ ဝန်ကြီးဌာနအကျိုး၊ ပြည်သူ့အကျိုးကို ရှေးရှု၍ ရုံးလုပ်ငန်းများစနစ်တကျ အောင်မြင်အောင် ဆောင်ရွက်ရေး မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည်ဌာနတွင်း ရုံးလုပ်ငန်းမွမ်းမံသင်တန်းနှင့် e-Government ဆိုင်ရာသင်တန်းများ ဖွင့်လှစ်သင်ကြားနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)