အကြမ်းဖက် KIA အဖွဲ့ဝင် ၆ဦး ဥပဒေဘောင်အတွင်း ဝင်ရောက်လာ - Myanmar National Post

Myanmar National Post

News Agency

Breaking

အကြမ်းဖက် KIA အဖွဲ့ဝင် ၆ဦး ဥပဒေဘောင်အတွင်း ဝင်ရောက်လာ


ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တပ်ဖွဲ့ထံသို့ အကြမ်းဖက် KIA အဖွဲ့ဝင် ၆ ဦး အလင်းဝင်ရောက်လာကြောင်း သိရသည်။

နိုင်ငံတော်အစိုးရက အကြမ်းဖက် PDF အပါအဝင် လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့များထဲတွင် ရောက်ရှိနေသော လူငယ်လူရွယ်များ ဥပဒေဘောင်အတွင်း ဝင်ရောက်ရန်ဖိတ်ခေါ်ထားပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများကိုလည်း ထောက်ပံ့ပစ္စည်းနှင့် ငွေကြေးများ ထောက်ပံ့ပေးလျက်ရှိသည်။

အကြမ်းဖက်အဖွဲ့များထဲ ရောက်ရှိသွားသော လူငယ်လူရွယ်များမှာ လူမျိုးရေး ဘာသာရေး စော်ကားခံရမှုများ ရှိနေသည့်အပြင် တိုက်ပွဲများတွင် အသေခံ အကြမ်းဖက်သမားများအဖြစ် အသုံးချခြင်း ခံနေကြသည်။

အချို့သော အကြမ်းဖက်အဖွဲ့ခေါင်းဆောင်များက လူငယ်လူရွယ်များ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခြင်း မပြုရန်၊ ဥပဒေဘောင်အတွင်း ဝင်ရောက်သူများကို တပ်မတော်က နှိပ်စက်ညှင်းပန်းနေသည်ဟု မဟုတ်မမှန် ဝါဒဖြန့်လျက်ရှိသည်။

ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများကို တပ်မတော်က ကောင်းမွန်စွာ ကြိုဆိုလက်ခံ၍ ထောက်ပံ့ပစ္စည်းများ ပေးအပ်ပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံပေးနေခြင်း ဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)