နေပြည်တော်၊ သြဂုတ် ၁၂
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် အပြည်ပြည် ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization for Migration-IOM) ၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Iori KATO ကို နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်၊ ၁၆၀၀ နာရီတွင် လက်ခံ တွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံစဉ် IOM အနေဖြင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့်ပတ်သက်၍ အကူအညီများ ပေးအပ်လျက်ရှိသည့်အခြေအနေများ၊ မြန်မာနိုင်ငံ၌ လက်ရှိဆောင်ရွက် လျက်ရှိသော IOM ၏ လုပ်ငန်းများ၊ မြန်မာအစိုးရနှင့် IOM တို့အကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စများနှင့် ငလျင်ဘေးသင့်ပြည်သူများကို အရေးပေါ် အကူအညီပစ္စည်းများ ပေးအပ်ခဲ့ သည့်အခြေအနေများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများနှင့် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့ (IOM) မှ မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ် Mr. Daihei Mochizuki နှင့် လုပ်သားများရွှေ့ပြောင်းခြင်းနှင့် ရွှေ့ပြောင်း သွားလာသူများ အကာအကွယ်ပေးခြင်းဌာနမှ အစီအစဉ်မန်နေဂျာ Mr. Christos Dorian တို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment