ရန်ကုန်၊ ဩဂုတ် ၂၂
မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့(Myanmar Narrative Think Tank)နှင့် ဆင်ဟွာသတင်းဌာနတို့၏ တောင်ကမ္ဘာ ခြမ်း ပူးတွဲဆက်သွယ်ဆောင်ရွက်မှု မိတ်ဖက်အစီအစဉ် ပူးပေါင်းဆောင်ရွက်ရေး လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်း အမှတ်(၂၂-၂၄)ရှိ သုတေသနနှင့် သတင်းအချက်အလက်ဌာနခွဲ(ရန်ကုန်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့(Myanmar Narrative Think Tank) ဥက္ကဋ္ဌ ဦးကိုကိုက အဖွင့်အမှာစကားပြောကြားရာတွင် “ ကျွန်တော်တို့ဟာ ယခုပူးပေါင်းဆောင်ရွက်မှုကနေ ပြည်သူအချင်းချင်း ဆက်ဆံ ရေးခိုင်မာစေဖို့ ကြိုးစားကြရမှာဖြစ်ပါကြောင်း၊ ဆက်သွယ်မှုကို ပေါင်းကူးအဖြစ် အသုံးပြုပြီး လူ့အဖွဲ့အစည်းတွေကြား နားလည်မှုကို နက်ရှိုင်းစေရမှာဖြစ်ပါကြောင်း၊ စည်းလုံးညီညွတ်မှုကို အားပေးမြှင့်တင်ပြီး ငြိမ်းချမ်းရေး၊ ချမ်းသာကြွယ်ဝ ရေးနှင့် ရေရှည်တည့်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျှော်လင့်ချက်တွေကို အတူတကွမွေးမြူနိုင်ဖို့ လုပ်ဆောင်နိုင် ကြမှာဖြစ်ပါကြောင်း ” စသည်ဖြင့် ပြောကြားခဲ့သည်။ ဆက်လက်၍ ဆင်ဟွာသတင်းဌာန ၊ ရန်ကုန်ဗျူရို၏ အကြီးအကဲ Mr. Zhang Dongqiang က အမှာစကားပြောကြားရာတွင် “ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံ အင်အားတွေကို တစ်ဆင့်တိုး စုစည်းဖို့အတွက် ဆင်ဟွာသတင်းဌာနက Cooperation on the Global South Joint Communication Partnership Program ကို စတင်ဖော်ဆောင်ခဲ့ပြီး Myanmar Narrative Think Tank ကိုလည်း ပါဝင်ဖို့ အထူးဖိတ်ခေါ်ခဲ့တာဖြစ်ပါကြောင်း၊ ဒီလိုနည်းအားဖြင့် ကမ္ဘာ့တောင်ဘက်ခြမ်း မီဒီယာ Think Tankတွေနဲ့ အတူလက်တွဲပြီး ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံတွေ စည်းလုံးညီညွတ်ပြီး မိမိကိုယ်ကိုအားကိုးရန် တွန်းအားပေးမှု၊ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံတွေရဲ့ နိုင်ငံတကာ စင်မြင့်ထက်မှာ ပြောဆိုသံတွေ အဆက်မပြတ်မြှင့်တင် နိုင်မှုအတွက် တက်တက်ကြွကြွ အကျိုးထမ်းဆောင်ပေးသွားမှာဖြစ်ပါကြောင်း၊ သဘောတူညီချက် လက်မှတ်ရေးထိုးပြီး နောက်မှာတော့ Global South Media News Network ကနေတစ်ဆင့် သတင်းအချက်အလက်တွေ ထုတ်ပြန်နိုင်သလို Myanmar Narrative အဖွဲ့ရဲ့ အချက်အလက်တွေကိုလည်း သီးသန့်ကော်လံ ဒါမှမဟုတ် အမှတ်တံဆိပ် ကော်လံကနေ တစ်ဆင့် ပြသနိုင်ပြီး သက်ရောက်မှုအားကို မြှင့်တင်နိုင်မှာဖြစ်သလို နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကိုလည်း အစဉ်ခိုင်မြဲစေ မှာဖြစ်ပါကြောင်း ” စသည်ဖြင့်ပြောကြားခဲ့သည်။ ထို့နောက် တောင်ကမ္ဘာခြမ်း ပူးတွဲဆက်သွယ်ဆောင်ရွက်မှု မိတ်ဖက် အစီအစဉ် ပူးပေါင်းဆောင်ရွက်ရေးအတွက် မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့(Myanmar Narrative Think Tank) ဥက္ကဋ္ဌ ဦးကိုကိုနှင့် ဆင်ဟွာသတင်းဌာန ၊ ရန်ကုန်ဗျူရို၏ အကြီးအကဲ Mr. Zhang Dongqiang တို့ မိတ်ဖက်အစီအစဉ် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာတွင် လက်မှတ်ရေးထိုးခဲ့ပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန် အလှန်ပေးအပ်ခဲ့ကြသည်။
အခမ်းအနားသို့ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့(Myanmar Narrative Think Tank)မှ တာဝန်ရှိသူများ၊ ဆင်ဟွာသတင်းဌာနမှ တာဝန်ရှိသူများနှင့် အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း နှင့် တောင်ကမ္ဘာခြမ်းမှာရှိသည့် အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုများ သာမက မြန်မာနိုင်ငံ၏ပုံရိပ်ကို မြှင့်တင်ဆောင်ရွက်သွားနိုင်ရန် စသည့်ရည်ရွယ်ချက်ကောင်းဖြင့် အဆိုပါမိတ်ဖက်အစီ အစဉ်ကို ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်
https://t.me/MyanmarNationalPost




No comments:
Post a Comment