SCO က တိုးတက်အောင်မြင်၍ ဩဇာကြီးမားသော နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေး ပလက်ဖောင်းဖြစ်ဟု တာဂျစ်ကစ္စတန် သမ္မတ ပြောကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

SCO က တိုးတက်အောင်မြင်၍ ဩဇာကြီးမားသော နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေး ပလက်ဖောင်းဖြစ်ဟု တာဂျစ်ကစ္စတန် သမ္မတ ပြောကြား


ဒူရှန်ဘီ၊ ဩဂုတ် ၃၁ 

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အား စတင်တည်ထောင်ချိန်မှစ၍ SCO အနေဖြင့် ဒေသတွင်း ဆက်ဆံရေးကို အားပေးမြှင့်တင်ရာတွင်လည်းကောင်း၊ တည်ငြိမ်မှုကို ထိန်းသိမ်းရာတွင်လည်းကောင်း အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကာ တိုးတက်အောင်မြင်၍ ဩဇာကြီးမားသော နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေး ပလက်ဖောင်းတစ်ခု ဖြစ်လာခဲ့သည်ဟု တာဂျစ်ကစ္စတန် သမ္မတ အမ်မိုမာလီ ရာမွန်က ပြောကြားခဲ့သည်။

“SCO ဟာ လက်တွေ့အရေးပါတဲ့ အဖွဲ့အစည်းတစ်ခုပါ။ ကုန်သွယ်စီးပွား ယန္တရားအရဖြစ်စေ နိုင်ငံရေးယန္တရားအရဖြစ်စေ SCO ဟာ အပြောသက်သက်မဟုတ်ဘဲ ခိုင်မာရေရာတဲ့ လုပ်ဆောင်ချက်တွေကို လက်တွေ့ဆောင်ရွက်နေပါတယ်” ဟု ဒူရှန်ဘီမြို့ရှိ သမ္မတအိမ်တော် (Palace of the Nation) ၌ ဆင်ဟွာသတင်းဌာန အပါအဝင် တရုတ်နိုင်ငံမှ မီဒီယာများနှင့် မကြာမီက ပူးတွဲအင်တာဗျူးအစီအစဉ် ပြုလုပ်ရာ၌ ရာမွန်က ပြောကြားခဲ့သည်။ 


Ref - (Xinhua)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)