ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင် UNFPA ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင် UNFPA ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော်၊ ဩဂုတ်၂၇

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်သည် ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (United Nations Population Fund- UNFPA) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယမန်နေ့က အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် UNFPA မှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ် (Work Plan) ဆက်လက်သက်တမ်းတိုးမြှင့်ဆောင်ရွက်မည့် အစီအစဉ်၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် UNFPA တို့အကြား သဘောတူညှိနှိုင်းထားသည့် အကောင်အထည်ဖော်ဆောင်ရွက်မှု လုပ်ငန်းစဉ်များနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ နိုင်ငံတကာအကူအညီ အထောက်အပံ့များ အကျိုးရှိထိရောက်စေရေး စီမံဆောင်ရွက်မှုများကို အလေးထားဆောင်ရွက်ရန် အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ UNFPA ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)