ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း ကျောက်တန်းမြို့နယ်၊ သီလဝါဆိပ်ကမ်းရှိ Wailmar Myanmar ကုမ္ပဏီ၏ ဆီ၊ ဆန်၊ ဂျုံမှုန့်စက်ရုံများတွင် ထုတ်လုပ်ပုံ လုပ်ငန်းအဆင့်ဆင့် လည်ပတ်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း ကျောက်တန်းမြို့နယ်၊ သီလဝါဆိပ်ကမ်းရှိ Wailmar Myanmar ကုမ္ပဏီ၏ ဆီ၊ ဆန်၊ ဂျုံမှုန့်စက်ရုံများတွင် ထုတ်လုပ်ပုံ လုပ်ငန်းအဆင့်ဆင့် လည်ပတ်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး




ရန်ကုန်၊ ဩဂုတ် ၂၅

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ယမန်နေ့နေ့လယ်ပိုင်းက သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ သီလဝါဆိပ်ကမ်းရှိ Wailmar  Myanmar ကုမ္ပဏီ၏ ဆီ၊ဆန်၊ ဂျုံမှုန့်စက်ရုံများတွင် ထုတ်လုပ်ပုံလုပ်ငန်းအဆင့်ဆင့်လည်ပတ်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် Wailmar  Myanmar ကုမ္ပဏီသို့ရောက်ရှိရာ ပြသထားသည့် ထုတ်ကုန်များအား လှည့်ကြည့်ရှုစစ်ဆေးပြီး ရှင်းလင်းဆောင်တွင် ကုမ္မဏီ၏ Chairman ဦးမောင်ကျေးက လုပ်ငန်းများ ထုတ်လုပ်ပုံ လုပ်ငန်းအဆင့်ဆင့်တို့ကို Power Point ဖြင့် ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် စက်ရုံအတွင်းရှိ တစ်နေ့လျှင် တန်(၄၆၀) ထုတ်လုပ်နိုင်သည့် စားသုံးဆီထုတ်လုပ်ထုပ်ပိုးစက်ရုံတွင် ထုတ်လုပ်ပုံ လုပ်ငန်းအဆင့်ဆင့် လည်ပတ်နေမှု အခြေအနေများအားလည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း တံတားတွင် ထုတ်ကုန်များ တင်ပို့နေမှု အခြေအနေများအားလည်းကောင်း၊ တစ်နေ့လျှင် တန် (၁၂၀၀) ကြိတ်ခွဲထုတ်လုပ်နိုင်သည့် ဆန်စက်ရုံတွင် ထုတ်လုပ်ပုံ လုပ်ငန်း အဆင့်ဆင့်လည်ပတ်နေမှုနှင့် ဆန်အမျိုးအစားများ ခွဲခြားနေမှုများအားလည်းကောင်း၊ တစ်နေ့လျှင် တန်(၅၃၀) ကြိတ်ခွဲ ထုတ်လုပ်နိုင်သည့် ဂျုံမှုန့်စက်ရုံတွင် ထုတ်လုပ်ပုံလုပ်ငန်းအဆင့်ဆင့် လည်ပတ်နေမှု အခြေအနေများအားလည်းကောင်း၊ 8MW စပါးခွံသုံးလျှပ်စစ်ဓါတ်အားထုတ်စက်ရုံတွင် လုပ်ငန်းများလည်ပတ်နေမှုအခြေအနေများအားလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေသည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။


ဇွဲထက်ကို

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)