မြိုင်ကြီးငူ၊ စက်တင်ဘာ ၅
နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်) က သတင်းထုတ်ပြန်ချက် (၆/၂၀၂၅) စက်တင်ဘာလ ( ၃ ) ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ရာတွင် မဲဆန္ဒရှင်များ၏ မဲပေးပိုင်ခွင့်အပေါ် အန္တရာယ် မရှိစေရန် အထူးအလေးထားကူညီဆောင်ရွက်သွားမည်ဟု ဆိုသည်။
၎င်းတို့၏ ထုတ်ပြန်ချက်တွင် "၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ပြုလုပ်မည့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲသည် နိုင်ငံ၏ အနာဂတ် အတွက် ဒီမိုကရေစီစနစ်သို့ ဦးတည်ကာ ပြည်သူအများ၏ တည်ငြိမ်အေးချမ်းလုံခြုံသောဘဝကို ဖန်တီးနိုင်ရန် အရေးပါသည်ဟု နားလည်ခံယူထားပါကြောင်း၊ နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်) အနေဖြင့် ယခုကျင်းပမည့် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများအပေါ် ခွဲခြားမှုမရှိဘဲ တရားမျှတစွာ ကူညီလျက် မဲဆန္ဒရှင်များ၏ မဲပေးပိုင်ခွင့်အပေါ် အန္တရာယ် မရှိစေရန် အထူးအလေးထားကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပမည့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲကို နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်) အနေဖြင့် အပြည့်အဝထောက်ခံပြီး ကရင်ပြည်နယ်အတွင်း ရွေးကောက်ပွဲများကို တည်ငြိမ်လုံခြုံ တရားမျှတစွာ ကျင်းပနိုင်ရန်နှင့် အားလုံးပါဝင်သော ရွေးကောက်ပွဲဖြစ်စေရန် ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့ နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်) က ထုတ်ပြန်ကြေညာထားသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment