ကချင်ပြည်နယ်ဝန်ကြီးချုပ် သီတဂူစက္ကုဒါနဆေးရုံ၌ ပြည်နယ်အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်းမှ ယာယီနေရပ်စွန့်ခွာမိသားစုများအား အခမဲ့ဆေးဝါးကုသပေးနေမှု ကြည့်ရှုအားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် သီတဂူစက္ကုဒါနဆေးရုံ၌ ပြည်နယ်အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်းမှ ယာယီနေရပ်စွန့်ခွာမိသားစုများအား အခမဲ့ဆေးဝါးကုသပေးနေမှု ကြည့်ရှုအားပေး




မြစ်ကြီးနား၊ စက်တင်ဘာ ၁

ကချင်ပြည်နယ် အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်းက နယ်မြေလုံခြုံ‌ရေးအခြေအနေအရ နေရပ် မြို့/ကျေးရွာများကိုစွန့်ခွာ၍ ယာယီနေရပ်စွန့်ခွာလာသူ ပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို အံတော်ရှင် တောင်တန်းသာသနာပြု(ဗဟို)ကျောင်းတိုက် သီတဂူစက္ကုဒါနဆေးရုံ၌ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ သွာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ထိုသို့ သွားရောက်ကြည့်ရှုအားပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် သီတဂူစက္ကုဒါနဆေးရုံ၌ ကချင်ပြည်နယ် အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒူဝါဒေါက်တာဘွမ်ယွမ်၊ ဆရာဝန်များနှင့်အတူ အဆိုပါ အံတော်ရှင်တောင်တန်းသာသနာပြု(ဗဟို) ကျောင်းတိုက်အတွင်း လာရောက်ခိုလှုံနေထိုင်လျက်ရှိသော ယာယီနေရပ်စွန့်ခွာပြည်သူများအား ကျန်းမာရေးစစ်ဆေးကုသပေးခြင်း၊ ဆေးဝါးများအခမဲ့ပေးခြင်းများ ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် ဆေးဝါးကုသမှုခံယူရန် လာရောက်ကြသောပြည်သူများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယကနှင့်အဖွဲ့ဝင်များက ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့ကြပြီး ပြည်သူများအား မုန့်နှင့်ဖျော်ရေဘူးများကို လိုက်လံပေးအပ်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ယာယီခိုလှုံနေထိုင်ရာစခန်းအတွင်းရှိ အိမ်ထောင်စုများ နေထိုင်စားသောက်မှုအဆင်ပြေစေရေးအတွက် လိုအပ်ချက်များကို မေးမြန်းဆွေးနွေးခဲ့ကာ သက်ဆိုင်ရာ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ လိုအပ်သည်များ ဖြည့်ဆည်း‌ပေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)