စက်တင်ဘာ - ၂၅ ( ကြာသပတေးနေ့ )
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာရော့ဗ် နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို တို့က နယူးယောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ရဲ့ အပြင်ဘက်ဆွေးနွေးမှု အနေနဲ့ မနေ့က သီးခြား တံခါးပိတ် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
တစ်နာရီလောက်ကြာတဲ့ ဆွေးနွေးပွဲက ယူကရိန်း ပဋိပက္ခကို အဓိက ဦးတည်နေကြောင်း နှစ်ဘက် ဆွေးနွေးမှု အပြီးတွင် သတင်းထုတ်ပြန်မှု မလုပ်ရန်ပိတ်ထားတဲ့ကြားက စိမ့်ထွက်လာတဲ့ ထုတ်ပြန်ချက်များကြောင့် သိရပါတယ်။
“လူတွေ အသတ်ခံရမှုကို ရပ်ဖို့ သမ္မတ ထရမ့် ရဲ့ တိုက်တွန်းချက်နဲ့ ရုရှား-ယူကရိန်းစစ်ပွဲကို တာရှည်ခံတဲ့ ဖြေရှင်းချက်တစ်ခုဆီသို့ မော်စကိုက အဓိပ္ပာယ်ရှိတဲ့ ခြေလှမ်းတွေ လှမ်းဖို့ လိုအပ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ကြေညာချက်မှာ ဖော်ပြပါတယ်။
လာရော့ဗ် နဲ့ ရူဘီယို တို့က ရုရှား နဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနများကြား အပြုသဘောဆောင်သော ဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်ရန် သဘောတူခဲ့ကြပြီး အလက်စကာ ထိပ်သီးအစည်းအဝေး ရဲ့ အရှိန်ကို ဆက်လက်ထိန်းသိမ်းရန်အတွက် ထပ်မံ အတည်ပြု ခဲ့ကြပါတယ်။
အင်္ဂါနေ့က ထရုသ် ဆိုရှယ် ပို့စ်တစ်ခုတွင် အမေရိကန်သမ္မတထရမ့် က “ယူကရိန်းက ရုရှားကို ပြန်လည်တိုက်ခိုက်ပြီး အနိုင်ယူနိုင်လောက်တဲ့ အနေအထားတွင် ရှိနေတယ်” ဆိုတာ ယုံကြည်ကြောင်း၊ အီးယူ နဲ့ နေတိုးတို့ထံမှ လုံလောက်သော ထောက်ခံမှုရရင် ဖြစ်နိုင်ကြောင်း နဲ့ ရုရှားက "စက္ကူကျား"သာသာပါလို့ ရေးတင်ခဲ့ပါတယ်။
အဲ့ဒါနဲ့ ပတ်သက်ပြီး ရုရှားက "စက္ကူကျား" မဟုတ်ဘဲ "အစစ်အမှန်ဝက်ဝံ" ဖြစ်တယ်လို့ ကရင်မလင်း အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ် ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ ရုရှားရဲ့ စီးပွားရေးက အချို့သော "ပြဿနာများ" နဲ့ ရင်ဆိုင်နေရပေမဲ့ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခများနဲ့ မကြုံစဖူး အနောက်တိုင်း ပိတ်ဆို့အရေးယူမှုများကို ခုခံနိုင်ပါတယ် လို့ ဆိုသွားပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment