ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးလည်ပတ်ရန် ရောက်ရှိနေသည့် အိန္ဒိယတပ်မတော်(ကြည်း၊ ရေ ၊ လေ)မှ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ အိန္ဒိယသမ္မတနိုင်ငံသို့ပြန်လည်ထွက်ခွာ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးလည်ပတ်ရန် ရောက်ရှိနေသည့် အိန္ဒိယတပ်မတော်(ကြည်း၊ ရေ ၊ လေ)မှ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ အိန္ဒိယသမ္မတနိုင်ငံသို့ပြန်လည်ထွက်ခွာ





နေပြည်တော်၊ စက်တင်ဘာ ၁၉

မြန်မာ့တပ်မတော်နှင့် အိန္ဒိယတပ်မတော်နှစ်ရပ်အကြား အပြန်အလှန် ခင်မင်ယုံကြည်မှု ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးတက်လာစေရန်နှင့် ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ လေ့လာရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်ရန်အတွက် ချစ်ကြည်ရေးခရီးလာရောက်လည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ပတ်ခဲ့သော COL SHRIKANT JETHI ဦးဆောင်သည့် အိန္ဒိယတပ်မတော် (ကြည်း၊ ရေ၊ လေ)မှ အရာရှိ၊ စစ်သည်များပါဝင်သော အိန္ဒိယတပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် လေဆိပ်မှ အိန္ဒိယသမ္မတနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာကြရာ နေပြည်တော်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး နေအောင်စိုး၊ တပ်မတော်အရာရှိကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံစစ်သံမှူး JASWINDER S GILL တို့က လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၌ ချစ်ကြည်ရေးခရီးရောက်ရှိနေစဉ်အတွင်း နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်၊ သတ္တသတ္တာဟစေတီတော်နှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ သွားရောက် ဖူးမြော်ကြည်ညိုကြပြီး အလှူငွေများလှူဒါန်းခြင်း၊ တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်) သို့သွားရောက်လေ့လာခြင်း၊ သူရဲကောင်းဗိမာန်(နေပြည်တော်)သို့ သွားရောက် ကြည့်ရှုလေ့လာ၍ ပန်းခွေချအလေးပြုကြပြီး အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ခြင်းများ ဆောင်ရွက်ကြသည်။

ထို့ပြင် စက်တင်ဘာ ၁၈ ရက် ညပိုင်းတွင်လည်း အဆိုပါချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ Jasmine Hotel ၌ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးမင်းက ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံ ခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)