မြန်မာ့တပ်မတော် ( ကြည်း ၊ ရေ ၊ လေ ) မှ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ အိန္ဒိယသမ္မတနိုင်ငံမှ ပြန်လည်ရောက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ့တပ်မတော် ( ကြည်း ၊ ရေ ၊ လေ ) မှ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ အိန္ဒိယသမ္မတနိုင်ငံမှ ပြန်လည်ရောက်ရှိ




နေပြည်တော်၊ စက်တင်ဘာ ၁၉

မြန်မာ့တပ်မတော်နှင့် အိန္ဒိယတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီး မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရန်နှင့် ယဉ်ကျေးမှုအမွေအနှစ် ဆိုင်ရာ လေ့လာရန်အတွက် အိန္ဒိယသမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးလည်ပတ်ခဲ့ သည့် ဗိုလ်မှူးကြီး ဇာနည်အောင် ဦးဆောင်သော မြန်မာ့တပ်မတော် (ကြည်း၊ရေ၊လေ)မှ အရာရှိ၊ စစ်သည်များပါဝင်သော ချစ်ကြည်ရေး ကိုယ်စား လှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် နေပြည်တော် လေဆိပ်သို့ ပြန်လည်ရောက်ရှိကြရာ နေပြည်တော်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး နေအောင်စိုး ၊ တပ်မတော်အရာရှိကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံစစ်သံမှူး JASWINDER S GILL တို့က လေဆိပ်တွင် ကြိုဆို နှုတ်ဆက်ကြသည်။

အဆိုပါ တပ်မတော်(ကြည်း ၊ ရေ ၊ လေ)မှ အရာရှိ၊ စစ်သည် ၁၂၀ ဦးပါဝင်သော မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယ သမ္မတနိုင်ငံ၊ ဂါယာမြို့ရှိ မဟာဗောဓိစေတီတော်နှင့် ပေ(၈၀) မဟာဗုဒ္ဓ(ဂျပန်) ရုပ်ပွားတော်မြတ်ကြီးအား သွားရောက် လှည့်လည်ဖူးမြော်ခြင်း၊ မြတ်စွာဘုရား ဒုက္ကရ စရိယာကျင့်ခဲ့သော ဥရုဝေလတောနေရာသို့ သွားရောက်ဖူးမြော်ခြင်း၊ သူ့ဇာတာအိမ်တော်ရာစေတီအား လည်ပတ်ကြည့်ရှုခြင်းနှင့် မြန်မာဘုန်းကြီး ကျောင်းသို့ သွားရောက်ကာ ဆရာတော်ကြီးထံမှသီလခံယူကြပြီး ဉာဏ်တော် အမြင့်(၁၂) လက်မရှိသော စကျင်ကျောက်ဖြင့် ထုလုပ်ထားသော မာရဝိဇယ ပုံတူရုပ်ပွားတော်တစ်ဆူ၊ ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း တို့ ဆောင်ရွက်ခဲ့ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)