ပန်းတောင်းမြို့နယ်၌ သြဇာသီးစိုက်ပျိုးထားရှိမှုနှင့် စျေးကွက်အခြေအနေအား ကွင်းဆင်းမေးမြန်းဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပန်းတောင်းမြို့နယ်၌ သြဇာသီးစိုက်ပျိုးထားရှိမှုနှင့် စျေးကွက်အခြေအနေအား ကွင်းဆင်းမေးမြန်းဆွေးနွေး




ပန်းတောင်း  ၊ စက်တက်ဘာ ၁၂


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သင်းသင်းအေးနှင့် ဝန်ထမ်းများက ရွှေညီနောင်အုပ်စု၊ ဗြူးကုန်းကျေးရွာနေ သြဇာသီးစိုက်ပျိုးတောင်သူဦးသန်းနိုင်နှင့်တွေ့ဆုံကာ စိုက်ပျိုးထားရှိမှုအခြေအနေနှင့် အထွက်နှုန်းအား စက်တင်ဘာလ ၉ ရက်နေ့က ကွင်းဆင်းမေးမြန်းခဲ့ကြောင်း သိရသည်။

ထိုသို့မေးမြန်းရာတွင် သြဇာသီးစိုက်ပျိုးတောင်သူဦးသန်းနိုင်က သြဇာခြံတွင် စိုက်ပျိုးထားပင်(၆၀၀)ခန့်ရှိပြီး ယခင်နှစ်များထက် အထွက်နှုန်းလျော့နည်းကြောင်း သိရသည်။ ယခုကာလတွင် သြဇာသီးအလုံးပေါင်း(၇၀၀၀)ကျော်ခူးဆွတ်ရရှိပြီး တစ်ခါခူးဆွတ်လျင်အလုံးချော(၁၀၀)နှင့် (၂၀၀)ကြားခူးဆွတ်ရရှိပြီး စျေးနှုန်းအနေဖြင့် ပေါ်ကာစတွင်အလုံးချောလျှင် တစ်လုံးလျင် (၁၀၀၀)ကျပ်နှုန်းနှင့် ဖောက်သည်စျေးရရှိပြီး အလုံးအကြီးအသေးအပေါ်မူတည်၍ စျေးနှုန်းအမျိုးအစားခွဲရောင်းချရကြောင်းသိရသည်။ အဆိုပါဩဇာသီးများအား ဖောက်သည်များမှသိမ်းယူကာ စျေးကွက်အနေဖြင့်ပြည်ဒေသစျေး၊ ဒေသတွင်းစျေးနှင့် ဟင်္သာတမြို့နယ်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။


လပြည့်လင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)