Pages

Pages

မိုးနဲမြို့နယ်၌ ဝင်ငွေရ နှစ်ရှည်သီးနှံပျိုးပင်များ အခမဲ့ဖြန့်ဝေ




မိုးနဲ  ၊ စက်တင်ဘာ ၂၆


ရှမ်းပြည်နာ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ပျိုးဥယျာဉ်အတွင်း ‌ဝင်ငွေရ နှစ်ရှည်သီးနှံပင်များ ပျိုးထောင်ထားရှိပြီး ဒေသခံပြည်သူများအား အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

စိုက်ပျိုးရေးဦးစီးဌာနပျိုးဥယျာဉ်အတွင်း ဝင်ငွေရနှစ်ရှည်သီးနှံပင်များအဖြစ် ထောပတ် ၂၅၀၀ ပင်၊ ကော်ဖီ ၅၀၀၀ ပင်ကို ပျိုးထောင်ထားရှိပြီး ယနေ့တွင် မိုက်ဟိုင်းကျေးရွာအုပ်စုအတွင်းနေထိုင်သည့် ဒေသခံ လီဆူးနှင့် ကယန်းတိုင်းရင်းသားများသို့ ထောပတ်နှင့် ကော်ဖီပျိုးပင်များ စိုက်ပျိုးရန် ထောပတ် ၂၀၀၀ ပင်နှင့် ကော်ဖီ ၃၀၀၀ ပင်၊ စုစုပေါင်း ပျိုးပင် ၅၀၀၀ ကို ပြည်သူများ ဝင်ငွေရရှိစိုက်ပျိုးနိုင်ရန် အခမဲ့ဖြန့်ဝေပေးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


မျိုးညွန့်ရွှေ(မိုးနဲ)

https://t.me/MyanmarNationalPost

No comments:

Post a Comment