Pages

Pages

မြောက်ကိုရီးယား သင်္ဘောတစ်စီး နယ်စပ်စည်းကျော်လာလို့ တောင်ကိုရီးယားက ပစ်ခတ်သတိပေး


စက်တင်ဘာ - ၂၆ ( သောကြာနေ့ ) 

ဒီကနေ့ မနက်အစောပိုင်းက ပင်လယ်ဝါရှိ ရေကြောင်းနယ်စပ်ကို မြောက်ကိုရီးယား ကုန်သည်သင်္ဘောတစ်စီးက ဖြတ်ကျော်လာခဲ့လို့ တောင်ကိုရီးယား ကမ်းခြေစောင့် တပ်က သတိပေးပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း ပူးတွဲစစ်ဦးစီးချုပ် JCS က ပြောကြားခဲ့ပါတယ်။

ဒီနေ့မနက် ၅ နာရီခန့်တွင် မြောက်ကိုရီးယား ကုန်သည်သင်္ဘောတစ်စီးသည် ဘန်ညောင်ကျွန်း အနောက်မြောက်ဘက် ဧရိယာရှိ မြောက်ဘက်ကန့်သတ်မျဉ်းကို ချိုးဖောက်ခဲ့ကြောင်း စစ်ဦးစီးချုပ်က သတင်းထောက်များအား ပေးပို့သော စာတိုပေးပို့ချက်မှာ ပါရှိပါတယ်။ 

"ကျနော်တို့ က သတိပေးတဲ့အနေနဲ့ သေနတ်နဲ့ ပစ်ခတ်ပြီး သတိပေးရုံတင် ပေးလိုက်တာပါ။ ရှေ့တိုးမလာအောင်ပါ။ သိပ်မကြာပါဘူး ။ သင်္ဘောက ချက်ခြင်းပဲ ပြန်လှည့်ထွက်သွားပါတယ်” လို့ ဆိုပါတယ်။ တောင်ပိုင်းစစ်တပ်တွေက အဆင်သင့်အနေအထားတွင် ရှိနေဆဲဖြစ်ကြောင်းကိုလည်း  JCS မှပြောကြားခဲ့ပါတယ်။ 

ကိုရီးယားကျွန်းဆွယ်စစ်ပွဲအပြီးတွင် အမေရိကန်ဦးဆောင်သော ကုလသမဂ္ဂကွပ်ကဲမှုမှ တစ်ဖက်သတ် ရေးဆွဲခဲ့တဲ့ မြောက်ပိုင်းကန့်သတ်မျဉ်း သို့မဟုတ် NLL ကို မြောက်ကိုရီးယားက တရားဝင်အသိအမှတ်မပြုထားပါဘူး။ အဲ့ဒိ နယ်နိမိတ်ဧရိယာသည် ၁၉၅၀ - ၅၃ စစ်ပွဲ အတွင်းက ရေတပ်တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် နေရာဖြစ်ပြီး ၂၀၁၀ တုန်းက မြောက်ကိုရီးယား ရဲ့ တော်ပီဒို တိုက်ခိုက်မှုကြောင့် တောင်ကိုးရီးယား စစ်သင်္ဘောတစ်စင်းထိမှန်ပြီး  လူ ၄၆ ဦး သေဆုံးခဲ့တဲ့နေရာလည်း ဖြစ်ပါတယ်။   

၂၀၂၄  ဇန်နဝါရီလမှာ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်က အဆိုပါမျဥ်းအား "တရားမ၀င်" ဟုခေါ်ဆိုခဲ့ပြီး မြောက်ကိုရီးယား၏ ပိုင်နက်နယ်မြေကို ချိုးဖောက်ခြင်းဖြစ်နေသလို "စစ်ဖြစ်ဖို့ ရန်စနေတာလို့" သတိပေးခဲ့ပါတယ်။ 


REF: UPI

https://t.me/MyanmarNationalPost

No comments:

Post a Comment