Pages

Pages

ကုန်သွယ်မှုချဲ့ထွင်ရေးအတွက် မလျော်ကန်သော စည်းကြပ်ခွန်များကို ဖယ်ရှားရန် အမေရိကန်အား တရုတ် တိုက်တွန်း


ပေကျင်း၊ စက်တင်ဘာ ၂၆ 

မလျော်ကန်သော သက်ဆိုင်ရာ စည်းကြပ်ခွန်များကို ဖျက်သိမ်း၍ အပြုသဘောဆောင်သည့် လုပ်ရပ်များ ဆောင်ရွက်ကာ နှစ်နိုင်ငံကုန်သွယ်မှု ချဲ့ထွင်ရေးအတွက် အခြေအနေများ ဖန်တီးရန် အမေရိကန်နိုင်ငံအား တရုတ်နိုင်ငံက စက်တင်ဘာ ၂၅ ရက်၌ တိုက်တွန်းခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟယ်ရာ့တုန်းက အမေရိကန် ပဲပိစပ်နှင့် ဘိုးအင်းလေယာဉ်တို့ကို တရုတ်နိုင်ငံမှ အလားအလာရှိသော ဝယ်ယူမှုများနှင့်စပ်လျဉ်း၍ မေးမြန်းချက်များအား ပြန်လည်ဖြေကြားသည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ အဆိုပါမှတ်ချက်စကားကို ပြောကြားခဲ့ခြင်းဖြစ်သည်။

တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်ရေး ပုံမှန်ပူးပေါင်းဆောင်ရွက်မှုကို လတ်တလောထိခိုက်စေလျက်ရှိသည့် အကြီးမားဆုံးသော အတားအဆီးမှာ အမေရိကန်၏ တစ်ဖက်သတ်ကန့်သတ်ထားသော အစီအမံများဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

နှစ်နိုင်ငံစီးပွားရေးနှင့် ကုန်သွယ်မှုဆက်ဆံရေး၏ အနှစ်သာရမှာ အပြန်အလှန်အကျိုးဖြစ်ထွန်းစေခြင်းဖြစ်ကြောင်းနှင့် နှစ်နိုင်ငံသည် ကျယ်ပြန့်သော ဘုံအကျိုးစီးပွားများနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် ကျယ်ဝန်းသော နယ်ပယ်တို့ ရှိကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံအနေဖြင့် တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်မှုဆက်ဆံရေး၏ တည်ငြိမ်၊ ကောင်းမွန်ပြီး ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုအတွက် သင့်လျော်သော အခြေအနေများ ဖန်တီးရန် တရုတ်နိုင်ငံနှင့်အတူ တူညီသော ရည်မှန်းချက်ဖြင့် ဆောင်ရွက်မည်ဟု မျှော်လင့်ကြောင်းလည်း ၎င်းပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ 


Ref - (Xinhua)

https://t.me/MyanmarNationalPost

No comments:

Post a Comment