Pages

Pages

ပခုက္ကူမြို့နယ်အဆင့် မဲစာရင်းပြုစုခြင်းဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ


ပခုက္ကူ၊ စက်တင်ဘာ ၂၆

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အဆင့် မဲစာရင်းပြုစုခြင်းဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ပခုက္ကူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းထက်အောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်ခင်က မဲစာရင်းပြုစုခြင်းဆိုင်ရာလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်သီတာအေးနှင့် အဖွဲ့ခွဲအဖွဲ့ဝင်ဌာနဆိုင်ရာများက မဲစာရင်းပြုစုဆောင်ရွက်နေမှုများ၊ မဲစာရင်းစိစစ်ဆေးနိုင်ရေး ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment