Pages

Pages

ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး က လာအိုသံအမတ်ကြီးအား သွားရောက်နှုတ်ခွန်းဆက် တွေ့ဆုံ



ဟနွိုင်း၊ စက်တင်ဘာ ၂၆

ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဝေလင်း သည် ဗီယက်နမ်နိုင်ငံ ဆိုင်ရာ လာအိုသံအမတ်ကြီး H.E. Mrs. Khamphao Ernthavanh အား ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်၊ မွန်းလွဲ ၁၄၀၀ နာရီအချိန်တွင် ဟနွိုင်းမြို့ရှိ လာအိုသံရုံး၌ သွားရောက်နှုတ်ခွန်းဆက်တွေ့ဆုံခဲ့သည်။ 

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသောဆက်ဆံရေး ပိုမိုခိုင်မာစေရေး၊ အာဆီယံ မူဘောင်အောက်တွင် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ဖော်ဆောင်ရေးနှင့် ဟနွိုင်းမြို့အခြေစိုက် နှစ်နိုင်ငံသံရုံးများအကြား ပူးပေါင်းဆောင်ရွက်မှုများမြှင့်၍ နှစ်နိုင်ငံအကျိုး စီးပွားဖော်ဆောင်သွားနိုင်ရေး ခင်မင်ရင်းနှီးစွာအမြင်ချင်းဖလှယ်ခဲ့ကြပါသည်။ ထို့နောက် လာအိုနိုင်ငံ သံအမတ်ကြီးအား  မြန်မာ့ရိုးရာအမှတ်တရ လက်ဆောင်ပေးအပ်ခဲ့သည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment