ဒေသ၏ အဓိကစီးပွားရေးလုပ်ငန်းဖြစ်သော ဖာလာများရောင်းချချိန် စျေးနှုန်းမြင့်တက်ရရှိရန် မျှော်လင့်လက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေသ၏ အဓိကစီးပွားရေးလုပ်ငန်းဖြစ်သော ဖာလာများရောင်းချချိန် စျေးနှုန်းမြင့်တက်ရရှိရန် မျှော်လင့်လက်ရှိ



လိပ်သို ၊ စက်တင်ဘာ ၂၆


ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင် နေထိုင်သော ဒေသခံပြည်သူများမှာ အဓိကစီးပွားရေးလုပ်ငန်းအဖြစ် ဖာလာပင်စိုက်ပျိုးခြင်းလုပ်ငန်းကို လုပ်ကိုင်ကြပြီး ဖာလာသီးများ ဆွတ်ခူးရောင်းချချိန် စျေးကောင်းရရှိရန် မျှော်လင့်လျက်ရှိကြောင်း သိရသည်။


ဖာလာစိုက်တောင်သူများမှာ ဖာလာသီးများကို ဩဂုတ်လ နောက်ဆုံးအပတ်မှစတင်ခူးဆွတ်ပြီး အစိုအတိုင်းသော်လည်းကောင်း၊ အညှာခြွေပြီး မီးဖြင့်လှော်ကာ အခြောက်ပြုလုပ်၍ သော်လည်းကောင်း၊ အခွံနွှာပြီး အစေ့ခြောက်ထုတ်ယူ၍သော်လည်းကောင်း ပြုလုပ်ရောင်းချကြ သည်။


ယမန်နှစ်က ဖာလာခြောက် တစ်ပိဿာလျှင် (၂၀၀၀ဝိ/-) ကျပ်မှ (၃၀၀၀ဝိ/-) ကျပ်အထိ စျေးကောင်းရရှိခဲ့သော်လည်း ယခုနှစ် စက်တင် ဘာလ နောက်ဆုံးအပတ်တွင် ဖာလာခြောက်တစ်ပိဿာလျှင် (၁၂၀၀ဝိ/-) ကျပ်မှ (၁၅၀၀ဝိ/-) ကျပ်၊ ဖာလာအစိုတစ်အိတ်လျှင် (၃၀၀၀ဝိ/-) ကျပ်အထိသာ စျေးရရှိနေသဖြင့် ဖာလာစျေးနှုန်းများ မြင့်တက်ရရှိရန် မျှော်လင့်လျက်ရှိနေကြောင်း ဖာလာစိုက်တောင်သူတစ်ဉီးထံမှ သိရသည်။


နော်ဖလောရင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)