ကလိန်အောင်မြို့၌ ဒေသခံပြည်သူများ အသက်မွေးဝမ်းကြောင်းဖွံ့ဖြိုးမှုအထောက်အကူပြု အပင်မျိုးပွားခြင်း သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလိန်အောင်မြို့၌ ဒေသခံပြည်သူများ အသက်မွေးဝမ်းကြောင်းဖွံ့ဖြိုးမှုအထောက်အကူပြု အပင်မျိုးပွားခြင်း သင်တန်းဖွင့်လှစ်




ကလိန်အောင်  ၊ စက်တင်ဘာ ၁၉


တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ မိကျောင်းလှောင်းကျေးရွာတနင်္သာရီ သဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်းရုံးရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးခန်းမ၌ စက်တင်ဘာ ၁၉ ရက်နေ့နံနက် ၁၀ နာရီက ဒေသခံပြည်သူများအား အသက်မွေးဝမ်းကြောင်း ဖွံ့ဖြိုးမှုအထောက်အကူပြု အပင်မျိုးပွားခြင်း သင်တန်းဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။

ယင်းသင်တန်းကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊  တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်းအနေဖြင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားရေးနှင့်အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက် အကူပြုပေးခြင်းအားဖြင့် ဒေသခံပြည်သူများက သဘာဝကြိုးဝိုင်းနှင့် ဇီဝမျိုးစုံမျိုးကွဲများ၏ တန်ဖိုးကို သိမြင်နားလည်လာပြီး ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပိုမိုပူးပေါင်းပါဝင် ဆောင်ရွက်လာစေရန် ရည်ရွယ်ချက်ဖြင့် ဒေသခံပြည်သူများအသက်မွေးဝမ်းကြောင်း ဖွံ့ဖြိုးမှု အထောက်အကူပြု အပင်မျိုးပွားခြင်းသင်တန်းအား ဖွင့်လှစ်ပေးသည်။

အဆိုပါသင်တန်းကို တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်းအစီအစဉ်ဖြင့် ပြင်ပမှစိုက်ပျိုးရေးပညာရှင် ဦးနေလင်းအောင်က သင်တန်းနည်းပြအဖြစ်ဆောင်ရွက်ခဲ့ကာ စီမံကိန်းဧရိယာ အနီးကျေးရွာများဖြစ်သည့် ရေပုံးကျေးရွာ၊ မိချောင်းလှောင်း(ရွာသစ်)ကျေးရွာ၊ မိချောင်းလှောင်း (ရွာဟောင်း) ကျေးရွာ၊ ကလိန်အောင်ကျေးရွာ၊ ဇင်းဘာကျေးရွာတို့မှ သင်တန်းသား၊ ကျောင်းသူ စုစုပေါင်း (၂၇)ဦး တက်ရောက်ခဲ့ပြီး ပင်ပိုင်းဆိုင်ရာ မျိုးပွားနည်းများ၊ ကိုင်းဆက်ရာတွင် အောင်မြင်ရန်အတွက်  ဂရုပြုရမည့်အချက်များ၊ ပျိုးပင်များ မျိုးပွားခြင်းနှင့် ပျိုးထောင်ခြင်းအတွက် ပျိုးမြေ၊ စပ်မြေများ၏ အခြေခံလိုအပ်သည့် လက္ခဏာများကို စာတွေ့/လက်တွေ့ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။


ကလိန်အောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)