မင်းဘူးမြို့ ယစ်မျိုးလက်လီလက်ကားရောင်းချသောဆိုင်များတွင် တရားမဝင်ယစ်မျိုးများ ရောင်းချမှုမရှိစေရေး စစ်ဆေးဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မင်းဘူးမြို့ ယစ်မျိုးလက်လီလက်ကားရောင်းချသောဆိုင်များတွင် တရားမဝင်ယစ်မျိုးများ ရောင်းချမှုမရှိစေရေး စစ်ဆေးဆောင်ရွက်



မင်းဘူး  ၊ စက်တင်ဘာ ၁၆


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဦးဆောင်သည့် စိစစ်ကြီးကြပ်ရေးအဖွဲ့က ယစ်မျိုးလက်လီလက်ကားရောင်းချသောဆိုင်များတွင် တရားမဝင်ယစ်မျိုးများ ရောင်းချမှုမရှိစေရေး စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဆောင်ရွက်ရာတွင် မင်းဘူးမြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်၊ မြို့နယ်အခွန်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပါဝင်သည့် စိစစ်ကြီးကြပ်ရေးအဖွဲ့က မြို့နယ်အတွင်းရှိ ယစ်မျိုး လက်လီ၊ လက်ကားရောင်းချသောဆိုင်များ၌ လိုင်စင်မဲ့ရောင်းချခြင်း၊ တရားမဝင်သယ်ဆောင်ခြင်း၊ သိုလှောင်ခြင်းများမရှိစေရန်နှင့် ပြည်တွင်းကုန်ပစ္စည်းသယ်ဆောင်ရာတွင် အခွန်ပေးဆောင်ထားရှိမှုအခြေအနေနှင့် အရက်/ဘီယာကုန်ပစ္စည်းများတွင် Tax Paid ကပ်ထားမှုရှိ/မရှိတို့အား လိုက်လံကြည့်ရှု စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ဇေယျာနိုင်(ရွှေကန်မြေ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)