ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ (၄/၂၀၂၅) ကြိမ်မြောက် အစည်းအဝေး ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ (၄/၂၀၂၅) ကြိမ်မြောက် အစည်းအဝေး ကျင်းပ



တောင်ကြီး  ၊ စက်တင်ဘာ ၁၆


ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၂)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


အစည်းအဝေးတွင် ရှမ်းပြည်နယ်ရင်းနှီးမြှပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရရှိအောင် ဆောင်ရွက်ပေးကြရန်လိုအပ်ပါကြောင်း၊ ပြည်နယ်၏စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးတိုးတက်လာစေရန် ကော်မတီအနေဖြင့် လုပ်ငန်းများကြန့်ကြာမှုမရှိအောင် ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်း၊ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။


ထို့နောက် ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအတွင်းရေးမှူး၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလေးနိုင်က MAHARSAN 333 CO.,LTD က ရင်းနှီးမြှပ်နှံမှုတိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း၊ Myanmar Pureplant Extracts Company Limited ၏ တိရစ္ဆာန်အစာအတွက် အသုံးပြုသည့် ဂန္ဓမာပန်းမျိုးစိတ်များ (Marigold)၏ အမှုန့်များအား ထုတ်လုပ်ခြင်းနှင့် တင်ပို့ခြင်းလုပ်ငန်း ကြိုတင်ဆောင်ရွက်ခွင့်ပြုပါရန် တင်ပြလာခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြသည်။


ယင်းနောက် အစည်းအဝေးတက်ရောက်လာကြသည့် ကော်မတီဝင်များက MAHARSAN 333 CO., LTD ​၏ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခွင့်နှင့် Myanmar Pureplant Extracts Company Limited ၏ တိရစ္ဆာန်အစာအတွက်အသုံးပြုသည့် ဂန္ဓမာပန်းမျိုးစိတ်များ (Marigold)၏ အမှုန့်များအား ထုတ်လုပ်ခြင်းနှင့် တင်ပို့ခြင်းလုပ်ငန်း ကြိုတင်ဆောင်ရွက်ခွင့်ပြုပါရန် တင်ပြလာခြင်းအပေါ် အကြံပြုဆွေးနွေး၍ ကော်မတီမှ အတည်ပြုပေးခဲ့ပြီး အထွေထွေဆွေးနွေးကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။


ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၈)ခု၊ ရင်းနှီးမြှုပ်နှံပမာဏ အမေရိကန်ဒေါ်လာ (၁၈.၁၉၀) သန်းနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁၈)ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၇.၅၉၂)သန်းအပါအဝင် ကျပ်သန်း (၄၆၂၁၆.၃၀၁)ကို ခွင့်ပြုပေးထားခဲ့ပြီး ရှမ်းပြည်နယ်အတွင်း အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်မှုအနေဖြင့် ပြည်တွင်းတွင် (၁၆၉၈)ဦးနှင့် ပြည်ပတွင် (၇၈)ဦးကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။


မောင်မောင်သန်း


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)