ယူကရိန်းကို တာဝေးပစ် တိုမာဟောက် ဒုံးတွေ ရောင်းဖို့ စဉ်းစားနေတယ်လို့ ကန်ဒုသမ္မတပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ယူကရိန်းကို တာဝေးပစ် တိုမာဟောက် ဒုံးတွေ ရောင်းဖို့ စဉ်းစားနေတယ်လို့ ကန်ဒုသမ္မတပြော


စက်တင်ဘာ - ၂၉ ( တနင်္လာနေ့ ) 

ယူကရိန်းအတွက် အမေရိကန်သည် တာဝေးပစ် တိုမာဟောက် ဒုံးကျည်များ ရောင်းချရန် စဉ်းစားနေကြောင်း ဒုသမ္မတ ဂျေဒီဗန့်စ် က ဖောက်စ်နယူးကို မနေ့က ပြောကြားလိုက်ပါတယ်။ 

အနောက်တိုင်း သတင်းမီဒီယာအချို့က ယခင်အပတ်က နယူးယောက်မြို့ရှိ ကုလသမဂ္ဂအထွေထွေ ညီလာခံ ဘေးဘက်တွေ့ဆုံမှု၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီးက ဒုံးကျည်များကို အထူးတောင်းဆိုခဲ့တယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။ 

ထရမ့်က အဲ့ဒိတောင်းဆိုမှုကို  ဆန့်ကျင်ခြင်းမရှိသည့်အပြင် ရုရှားပိုင်နက်အတွင်း နက်ရှိုင်းစွာတိုက်ခိုက်နိုင်ရန် အတွက် ယူကရိန်းအပေါ် အမေရိကန်လုပ်လက်နက်အသုံးပြုမှုအပေါ် ကန့်သတ်ချက်များကို ရုတ်သိမ်းရန်လည်း လမ်းဖွင့်ထားတယ်လို့ ဆိုပေမဲ့ အစည်းအဝေးရဲ့ တကယ့်ရလဒ်ကိုတော့ အတိအကျမသိရပါဘူး ။ 

တကယ်လို့ ဥရောပက အခြားမေရိကန် မဟာမိတ်နိုင်ငံတွေက သူတို့ရဲ့ တိုမာဟောက်တွေကို ယူကရိန်းကို လွှဲပြောင်းပေးနိုင်သလားဆိုတဲ့ သတင်းထောက်တွေရဲ့ မေးခွန်ကိုတော့ ဗင့်စ် က "ကျွန်ုပ်တို့ သေသေချာချာ စောင့်ကြည့်နေပါတယ်" လို့ ဖြေပါတယ်။ အမေရိကန်ကရော လို့ ထပ်မေးတဲ့အခါမှာတော့ ဗင့်စ်က “ သမ္မတရဲ့ သဘောနဲ့ပဲ ဆိုင်ပါတယ်” လို့ ပြောသွားပါတယ်။ 

အမေရိကန်သမ္မတရဲ့အထူးကိုယ်စားလှယ် ကိသ်ကဲလော့ ကတော့ ဇီလန်စကီး က တိုမာဟောက်တွေကို တောင်းတာကိုတော့ အတည်ပြုပေးခဲ့ပြီး သမ္မတက ရောင်းမယ် မရောက်းမယ်ဆိုတာကတော့ မဆုံးဖြတ်ရသေးပါဘူး လို့ပြောသွားပါတယ်။ တိုမာဟောက်ဒုံးကျည်များက အကွာအဝေး ၂၅၀၀ ကီလိုမီတာအထိ ပစ်နိုင်ပြီး နျူကလီးယားထိပ်ဖူးများ တပ်ဆင်ထားနိုင်ပါတယ်။ 

ရုရှား သမ္မတ ဗလာဒီမာပူတင်ကတော့ "အနောက်နိုင်ငံတွေက ယူကရိန်းပြဿနာကို ဘယ်လိုပဲ နှိုးဆော်နှိုးဆော်၊ ရုရှားအနေနဲ့ကတော့ ဒါက ကမ္ဘာ့ဒေသ အစိတ်အပိုင်း တစ်ခုမှာဖြစ်နေတဲ့ ပြဿနာလို့ပဲ မြင်တယ်” လို့ ဆိုထားပါတယ်။ လှုံ့ဆော်မှု ပြင်းထန်ပါက တုံ့ပြန်မှုကလည်း ပြင်းထန်သွားမှာပါလို့ ဆိုသွားပါတယ်။  


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)